Mumps ပါးချိတ်ရောင်ခြင်း
13-Oct-2017
ကလေးဘဝတွင် ဖြစ်ပွားလေ့ရှိသည့် ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပွားသည့် ကူးစက်ရောဂါတစ်ခုဖြစ်ပြီး တံတွေးဂလင်း Salivary Gland သို့ရောဂါပိုးဝင်ခြင်းဖြစ်ပါသည်။
အများအားဖြင့်ဖျားလေ့ရှိပြီး တစ်ရက်မှနှစ်ရက်အတွင်း ဂလင်းမှာ ကြီးလာလေ့ရှိသည်။နှစ်ဘက်စလုံးရောင်ရမ်းနိုင်သလို တစ်ဘက်ပြီးမှ အခြားတစ်ဘက်မှာနောက်တွင်ဖြစ်လေ့ရှိသည်ကိုလညး် တွေ့ရသည်။ကူးစက်ချိန်မှ ရောဂါဖြစ်ပွားချိန်အထိ (၂)ပတ်မှ (၃)ပတ်အထိ ကြာမြင့်နိုင်သည်။
ပါးချိတ်ရောင်ခြင်းမှာ (၂)ရက်မှ (၅)ရက်ခန့်ကြာတတ်ပြီး ထိုအချိန်ရောဂါမကူးစက်ရန် အခြားသူများနှင့် ဝေးဝေးနေထိုင်သင့်၏ ရောင်ရမ်းခြင်း လုံးဝသက်သာသည့်အထိ သီးသန့်နေထိုင်သင့်သလို ဝါးသောအခါ နာကျင်တတ်ခြင်းအတွက် ပျော့သောအစာတို့ကို စားသုံးပေးသင့်ပါသည်။
တစ်ခါတစ်ရံတွင် အခြားသော ဂလင်းများပါရောင်ရမ်းလာနိုင်ပြီး အမျိုးသားတို့တွင် ဝှေးစေ့ယောင် ရစေနိုင်ပါသည်။ထိုသို့ဖြစ်ပါက တစ်ခါတစ်ရံတွင် သားသမီးမရနိုင်ဘဲ ဖြစ်စေနိုင်ပါသည်။
Credit : ဒေါက်တာမေမိုုးနွယ် ( A-Z မိသားစုကျန်းမာရေးလမ်းညွှန်)
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

