Print

ဓမ္မတာနှင့် အရေပြားရောဂါ

  08-Oct-2020
Preview Image

အပြစ်အများဆုံး ပုံချခံရသော အရေပြားရောဂါမှာ ဝက်ခြံရောဂါပင် ဖြစ်ပါသည်။ အပျိုဖော် ဝင်နေပြီးသူများသာမက အသက် ၃၀၊ ၄၀ အရွယ် အမျိုးသမီးတစ်ချို့မှာ ဓမ္မတာ မလာခင်တွင် ဖြစ်နေသောဝက်ခြံများ အနည်းငယ် ပို၍ ဆိုးရွာလာခြင်း၊ အဖုသစ်များ ထွက်လာခြင်းကြောင့် ဝက်ခြံနှင့် ဓမ္မတာ ဆက်နွယ်နေသည်ဟု အထင်ခံရပါသည်။

ဝက်ခြံရောဂါဖြစ်ရခြင်း အကြောင်းရင်းများအနက်မှ တစ်ခုမှာ ဟော်မုန်းဓာတ်ဖြစ်၍ ဓမ္မတာနှင့် ဆက်စပ်သည်ဟု ဆိုလျှင် ဆိုနိုင်သော်လည်း တကယ်တမ်း ဝက်ခြံဖြစ်ရခြင်းမှာ အခြားသောအကြောင်းများ ဖြစ်သည့် အဆီထွက်ရာလမ်းကြောင်း ပုံမှန်မဟုတ်ခြင်း၊ အရေပြားပေါ်၌ မှီတင်းနေထိုင်သော ဘက်တီးရီးယားနှင့် ရောင်ရမ်းမှုတို့ အပေါ်တွင်လည်း တည်နေရာမှ ဝက်ခြံဖြစ်ရခြင်းမှာ ဓမ္မတာနှင့် လုံးလုံးလားလား သက်ဆိုင်နေသည်ဟု မဆိုနိုင်ပါ။

Credit : ဒေါက်တာသောင်းညွှန့်ရွှေ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18