Print

ဂျိုးလေးနှင့် ဆော့ဆော့နေတတ်သည့် ကလေး

  07-Oct-2020
Preview Image

ကိုယ့်အိမ်က ကလေးလေးတွေ ဂျိုးလေးနဲ့ ဆော့နေလို့ ဆူဖူးပါသလား....

ဆော့ပါစေ....
သူခန္ဓာကိုယ်ကို သူလေ့လာစူးစမ်းနေတာပါ။ ယောကျာ်းလေးတွေမှလုပ်တတ်သည် မထင်ပါနှင့်။မိန်းကလေး တွေလည်း သူတို့လျှိုဝှက် ချက်လေးကိုသူတို ဆော့နေ
တတ်ပါသည်။ လူကြားထဲမှာ ကိုယ့်ကလေးလေး လုပ်ရင်တော့ သူသူကိုယ်ကိုယ် ရှက်ကြမည်ပေါ့။ဒါနဲ့ဘဲ ကိုယ့်ကလေးကို အပြင်ခေါ်မသွားဝံ့သူတွေ လည်းရှိကြသည်။ ကလေးက နားလည်တဲ့ အရွယ်ရောက်သည်အထိ လုပ်နေလျှင် ကလေးကို ညင်ညင်သာသာ ရှင်းပြပါ။ သူ့အခန်းထဲမှာ သူ့ဘာသာသူလုပ်လျှင် ပြဿ နာမရှိကြောင်း လက်ခံကြောင်းနှင့် လူကြားထဲတွင်တော့ မလုပ်သင့်ကြောင်း ပြောပြပေးပါ။

Credit: ပါမောက္ခရဲမြင့်ကျော်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18