ပဿနာတစ်ချို့ကို အိမ်တွင်းပစ္စည်းများဖြင့် အရိုးရှင်းဆုံး ဖြေရှင်းနိုင်...
09-Jun-2017
ထောပတ်သီးဖျော်ရည်
ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ မဂ္ဂနီဆီယမ်က အူလမ်းကြောင်းထဲက ရေတွေကိုဆွဲပြီး ဝမ်းသွားစေတဲ့ အာနိသင်ကို ဖြစ်ပေါ်စေပါတယ်။ ထောပတ်သီးတစ်ဝက်၊ ရက်စ်ဘယ်ရီသီးခွက်တစ်ဝက်၊ အချိုမပါတဲ့ နွားနို့ခွက်တစ်ဝက်၊ ရေခဲတုံးအနည်းငယ် ထည့်ဖျော်သောက်ပါ။
အသက်ပြင်းပြင်းရှူသွင်းခြင်း
စိတ်လှုပ်ရှားခြင်းကို သက်သာစေတယ်ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ စိတ်လှုပ်ရှားနေပါက အသက်ပြင်းပြင်းရှူရှိုက်လိုက်ပါ။ အသက်ရှူလိုက်တဲ့အချိန် ဝမ်းဗိုက်ဖောင်းလာတာကို တစ်ကနေ လေးအထိ စိတ်ထဲက ရေရွတ်ပါ။ ခဏအောင့်ထားပြီးအသက်ကို ဖြည်းဖြည်းချင်း ပြန်ရှူထုတ်လိုက်ပါ။ လေးကြိမ်ပြုလုပ်ပေးပါ။
ဘလူးဘယ်ရီသီးဖျော်ရည်
ဆီးလမ်းကြောင်းပိုးဝင်ခြင်း မဖြစ်အောင် ကာကွယ်ပေးခြင်း ခရင်မ်ဘယ်ရီသီးလိုပဲ ဘလူးဘယ်ရီသီးမှာ ဆီးအိတ်ထဲ ဘက်တီးရီးယားပိုးတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာကို ကာကွယ်ဖို့အတွက် ဘလူးဘယ်ရီသီး တစ်ဆကို ရေနှစ်ဆနှင့်ရောပြီး နေ့စဉ်သောက်ပါ။
မုန်လာဥနီ
ပိုးမွှားကိုက်ခြင်းကြောင့် ယားယံမှုဖြစ်ခြင်းမှ သက်သာစေတယ် မုန်လာဥနီက ရောင်ရမ်းတာနဲ့ ပိုးမွှားကိုက်လို့ ယားယံတာတွေကို သက်သာစေပါတယ်။ မုန်လာဥနီကို ခြစ်နဲ့ ခြစ်ယူပြီး အဝတ်ပါးပါးတစ်ထည်ထဲ ထည့်ထုတ်ပါ။ ရောင်ရမ်းနေတဲ့ နေရာပေါ်ကို မိနစ် ၂၀ လောက် တင်ထားပါ။ နောက်တစ်ကြိမ်ပြန်ပြီး အသုံးပြုနိုင်အောင် ရေခဲသေတ္တာထဲထည့်ထားပါ။ ၂၄ နာရီအတွင်း အသုံးပြုနိုင်ပါတယ်။
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

