Print

အရေပြားအတွက်ရှောင်ရန်အချက်များ

  28-Apr-2020
Preview Image

၁။ အရေပြားကို ပွတ်ဆွဲခြင်းမျိုး မလုပ်ပါနဲ့။ UV ray များ၊ စိတ်ဖိစီးမှုများနှင့် Carbon monoxide များက အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့အတွက် စိတ်ဖိစီးမှုလည်း ကင်းဝေအောင်နေထိုင်ပါ။

၂။ Moisturizer သုံးဖို့လည်း မမေ့ပါနဲ့ အရေပြားခြောက်သွေ့ခြင်းကြောင့်ဖြစ်သော အရေးအကြောင်းထင်ခြင်းကို Moisturizer က ပျောက်ကင်းစေပါတယ်။ SPF 10, Hyaluronic acid တို့ပါဝင်သော Lotion များကလည်း အရေပြားအရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ သင့်လည်ပင်းနှင့် ရင်ဘက်ကိုလည်း လျစ်လျူမရှုထားသင့်ပါ။ ၎င်းနေရာများက ခန္ဓာကိုယ်ရှိ ကျန်အစိတ်အပိုင်းများထက် အဆီ Gland ပို၍ နည်းပါးစွာရှိခြင်းကြောင့် အိုမင်းရင့်ရော်ခြင်းကို ပထမဆုံး ဖော်ပြနိုင်လို့ပါ။ Vatamin A retinols, Kinetin နှင့် Copper (သို့) Vatamin C ကဲ့သို့သော ဓာတ်များပါဝင်သည့် Moisturizer ကို လိမ်းပေးပါ။

၄။ Sunscreen ကိုလည်း လုံးဝမမေ့သင့်ပါ။ ဆောင်းဥတုမှာပင်လျှင် နေရောင်ခြည် တိုက်ရိုက်ထိတွေ့ခြင်းကို မိနစ် ၂၀ ခန့်မျှ ခံရုံနှင့်ပင် အရေပြားကို ပျက်စီးစေတဲ့အတွက် Sunscreen ကို သင်ငယ်ရွယ်စဉ်ကပင် သင့်ဦးနှောက်ထဲ၌ ထည့်ထားသင့်ပါတယ်။ လူတစ်ဦးဟာ အသက် ၁၈ နှစ် မတိုင်မီကတည်းကပင် နေလောင်ဒဏ်ကြောင့် အရေပြားပျက်စီးလာနေတတ်ပြီး အသက်ကြီးလာလေလေ ပိုပျက်စီးလေလေ ဖြစ်လာပါတယ်။ ဒါကြောင့်မို့ Sunscreen လိမ်းပေးခြင်းဖြင့် နေရောင်ခြည်ကြောင့် အိုမင်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ အရေပြားကို အညိုရောင်အထိ အဖြစ်မခံပါနဲ့။ အရေပြားမတွန့်သေးသည့် တိုင်အောင် နေရောင်ခြည်ဒဏ်များစွာ မခံပါနဲ့။ နောင်တွင် အရေးအကြောင်းများ ဖြစ်လာနိုင်လို့ပါပဲ။ ထိုအခါတွင် အသားအရေကို ပြန်လည်ပြုပြင်ထိန်းသိန်းရန် လိုအပ်လာပြီးထို့အတွက် ငွေကုန်ကြေးကျ များနိုင်ပါတယ်။

Credit : ဝတီ


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18