Print

ဘာကြောင့် ခေါင်းကိုက်ရသလဲ

  07-Mar-2020
Preview Image

ခေါင်းမကြာခဏ ကိုက်တတ်ပါက အောက်ပါတို့ကြောင့်ဆိုတာ ဆန်းစစ်ပါ။ အချက်တစ်ခုခုကြောင့်ဆိုရင် ထိုအချက်ကို သင်ကိုယ်တိုင် ဖြေရှင်းနိုင်ပါလိမ့်မယ်။

() ပင်ကိုယ်စရိုက် သဘောထား တင်းမာသူလား၊ အစွဲအလမ်းကြီးသူလား (စိတ်ကို ပြင်နိုင်က ပြင်ပါ)

() အမျိုးသားများတွင် အပြေးသမားများနှင့် ဝိတ်မသူများ၊ အပြင်းအထန် လေ့ကျင့်ပါက ခေါင်းကိုက်တတ်ပါသည်။

() လိင်ဆက်ဆံမှု တက်ကြွသော အမျိုးသားများတွင် ရုတ်တရက် ခေါင်းကိုက်တတ်ခြင်း။

() စနေ၊ တင်္ဂနွေလို အားလပ်ရက်များမှာ ပုံမှန် အလုပ်လုပ်နေကျမှ အနားယူလိုက်သည့်အတွက် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားလာရခြင်း။

() အခန်းတွင်း သုတ်ဆေးရနံ့ ပြင်းထန်ကာ မခံနိုင်လို့ ခေါင်းကိုက်ခြင်း။

() ရေဓာတ်ခန်းခြင်း။

() ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာတွေ အများကြီးသောက်မိခြင်း။

() မလှုပ်မရှား ငြိမ်ငြိမ်လေးနေတဲ့ ဓလေ့ရှိခြင်း။

() အိပ်ရေးပျက်ခြင်း။

(၁၀) ဝိုင်နီ၊ ဘီယာ၊ အချိုမှုန့်၊ ဟင်းခတ်မှုန့်၊ ချောကလက်၊ ချိစ်၊ တာရှည်ခံအစားအစာများ၊ အငန်ကဲသော အစားအစာများ အလွန်အကြူး စားခြင်း။

Credit : မေ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18