Print

အပြင်မှာမြင်ရသော သွေးများများထွက်ခြင်း (Severe External Bleeding)

  25-Mar-2020
Preview Image

() အရေးပေါ်ဆရာဝန်ခေါ်ပါ။

() သို့မဟုတ် လူနာတင်ကားခေါ်၍ ဆေးရုံဆေးခန်း ပို့ရန်စီစဉ်ပါ။

() ဤအတွင်းလူနာကို ကုတင်၊ အိပ်ရာ၊ ကြမ်းပေါ်လှဲထားပါ။

() ဒဏ်ရာရသော ခြေ (သို့) လက် (သို့) အခြားအပိုင်းကို ရင်ခေါင်းနှလုံးနေရာထက် မြင့်အောင်မြှင့်ထားပါ။ သွေးထွက် သက်သာစေရန် ဖြစ်သည်။

() လူနာကို သူ၏လက်ဖြင့် သွေးထွက်ဒဏ်ရာအရင်းမှ ဖိခိုင်းပါ။ သူဖိ၍ သွေးထွက် မရပ်ပါက တစ်ဦးဦးက ကူညီဖိပါ။

() ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု (First Aid) ပေးမည့်သူ (သင်) က ဒဏ်ရာ၊ အနာ၏ အရေပြားစများကို ချုပ်ကိုင်၍စေ့ပါ။ ပြီးလျှင် ပတ်တီးဖြင့်စည်းပါ။ သို့မဟုတ် အဝတ်စဖြင့် စည်းပါ။

() ဒဏ်ရာအရင်းမှ ကြက်ပေါင်ကွင်း (Tourniquet) မစွပ်ပါနှင့်။

() ပတ်တီး (သို့) စည်းထားသောအဝတ် သွေးစိုလာပါက မဖြုတ်ပါနှင့်။ အပေါ်မှ ထပ်စည်းပါ။

မှတ်ချက်။ ။ ပဏာမကျန်းမာရေး စောက်ရှောက်ပေးသူသည် မိမိကိုယ်ကို ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ရန် လက်အိတ်စွပ်ပါ။ နှာခေါင်းနှင့် မျက်နှာဖုံး (Mask) စွပ်ပြီးမှ လူနာကို ကိုင်ပါ။

Credit : ဒေါက်တာမောင်မောင်ညို


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18