Print

အဖြစ်များနေသည့် တုပ်ကွေးကို တွန်းလှန်နိုင်သည့် ခွန်အားပြည့် အစာများ

  24-Mar-2020
Preview Image

တုပ်ကွေးကို တွန်းလှန်နိုင်စွမ်းရှိပြီး ကိုယ်ခံစွမ်းအား စနစ်ကိုလည်း ကောင်းမွန်စေတဲ့ အောက်ပါအစာတွေကို ဖျားချင်သလိုလို၊ ကိုယ်လက်ကိုက်ခဲ နွမ်းနယ်နေသလိုလို ဖြစ်တဲ့အခါတွေမှာ စားပေးပါ။ တုပ်ကွေးလက္ခဏာနဲ့ ပြင်းထန်မှုကို လျော့ပါးသွားစေပါတယ်။

မှိုစွပ်ပြုတ်

မှိုတွေကို စွပ်ပြုတ်ထဲ ထည့်ချက်ပြီး သောက်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန် တိုးတက်စေပါတယ်။ တက်ဖ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ မှိုတွေဟာ ဗိုင်းရပ်စ်ပိုးကို တွန်းလှန်နိုင်တဲ့ ပရိုတင်းဓာတ် ထုတ်လုပ်မှုကို တိုးမြင့်စေပြီး တုပ်ကွေးကို တွန်းလှန်ပေးနိုင်စွမ်း ရှိကြောင်း သိရပါတယ်။

ချိစ် (Cheese)

ဆင်းဒဝှစ်ချ်၊ ပီဇာ၊ ပေါင်မုန့်တွေမှာ ချိစ်ထည့်ပြီး စားပေးပါ။ ချိစ်တစ်ပြားမှာ ပါတဲ့ အကျိုးပြု ဘက်တီးရီးယားဟာ ခန္ဓာကိုယ်ကို ကာကွယ်ပေးပြီး ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေတဲ့ ဘက်တီးရီးယားတွေ ဖြစ်ပါတယ်။

လိမ္မော်သီး

တစ်နေ့ လိမ္မော်သီး နှစ်လုံး-သုံးလုံးလောက် စားပါ။ ဒါဆိုရင် ဗီတာမင်စီ ၂၀၀ မီလီဂရမ် ရရှိတာကြောင့် တုပ်ကွေးလက္ခဏာ ခံစားရချိန်ကို တိုတောင်းစေပါတယ်။ လေ့လာမှုအရ လိမ္မော်သီးမှာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်တယ်လို့ သိရပါတယ်။

Credit : ဇွန်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18