Print

စောစီးစွာ အရွယ်ရောက်ခြင်း

  23-Mar-2020
Preview Image

ဘာကြောင့် ဒီရောဂါဖြစ်ရတာလဲ ပီကျူထရီ၊ အဒွီနယ် မျိုးဥတွေရဲ့ အလုပ်လုပ်မှုဟာ စောစီးစွာ အရွယ်ရောက်ပြီး ဓမ္မတာဟာ အသက် နှစ်၊ နှစ်မှစ၍ သွေးဆင်းတတ်ပါတယ်။ ကလေးရဲ့အသက် လဖြစ်ပြီး အရိုးရဲ့ အသက် နှစ်အရွယ်ြ့ဖစ်တတ်
ပါတယ်။ ပီရှုးနိုင်ငံမှာ လူနာရဲ့အသက် နှစ် လအရွယ်မှာ ကလေးမွေးတာမျိုး ဖြစ်ခဲ့ပါတယ်။ အဲဒီကလေးကို လေ့လာလိုက်တော့ ALBRIGHT ရောဂါ ဖြစ်ပါတယ်။ ဦးနှောက်အလယ်ပိုင်း ဟိုက်ပိုသယ်လမတ်၊ ပီကျူထရီ စတဲ့ ဦးနှောက်ထဲက အင်္ဂါအစိတ်အပိုင်းမှာ ကင်ဆာ၊ ဦးနှောက်အမြှေးပါးရောင်၊ မွေးရာပါ ချို့ယွင်းချက်ကြောင့်
ဟော်မုန်းတွေ မြောက်များစွာထွက်ရှိပြီး အရွယ်စောစီးစွာ ရောက်ရခြင်းဖြစ်ပါတယ်။ ALBRIGHT ရောဂါဆိုလျှင် အရိုးကျိုးခြင်း၊ အရေပြားတွင် ဝါညိုအကွက်တွေ ထွက်တတ်ပါတယ်။ အဲဒီရောဂါမှာဆိုရင် ဦးနှောက်ခွံရဲ့ အောက်ဘက်မှာ ကြီးထွားမှုဖြစ်ပြီး ဟိုက်ပိုသယ်လမတ်နဲ့ ပီကျူထရီဂလင်းကို ထိခိုက်ရပါတယ်။ ဟိုက်ပိုသယ်လမတ်ကို ထိခိုက်စေတဲ့ ဆေးဝါးများ။ မျုးဥအိမ်မှာ အီစတိုဂျင်လို့ခေါ်တဲ့ မဟော်မုန်းထွက်စေတဲ့ ကင်ဆာကြောင့် ဓမ္မတာ ပုံမှန်မဟုတ်ခြင်း၊ လာချိန်မမှန်ခြင်း၊ မျိုးဥမကြွေခြင်း စတာတွေဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာ အမွေးအမျှင် ပေါက်နေတာနည်းပြီး ရင်သားကြီးထွားပါတယ်။ အဒွီနယ်ဂလင်းကင်ဆာ ၎င်းမှာ စောစီးစွာအရွယ်ရောက် ခြင်းနှင့်အတူ အမျိုးသားတွင်ထွက်နေသော အမွှေးမျှင်မျိုး ပေါက်တတ်ပါတယ်။

ကုသပုံ


အရွယ် ၁၀ နှစ်မတိုင်ခင် ဓမ္မတာပေါ်နေပြီဆိုရင် တခြားအရွယ်ရောက်သူတွင် တွေ့ရသော လက္ခဏာများကို ရှာဖွေရပါမယ်။ အဲဒါတွေမတွေ့ရင် သားအိမ်၊ မွေးလမ်းကြောင်းတွင် အခြားရောဂါများ ရှိ၊ မရှိ ရှာပါမယ်။ အရွယ်ရောက်သူ တစ်ယောက်ရဲ့ လက္ခဏာမပြရင် သွေးဆင်းတာဟာ ဓမ္မတာကြောင့်ဆင်းတာ မဟုတ်နိုင်ပါ။ အရွယ်ရောက်တဲ့ လက္ခဏာတွေ ပြတယ်ဆိုရင် သွေးနဲ့ဆီးထဲမှာ Gonadotrophin ကို တိုင်းခြင်းဖြင့် များနေပါက ပီကျူထရီဂလင်းရဲ့ ရှေ့ဘက်က ရောဂါတစ်ခုခုကြောင့်ဆိုတာ မှန်းဆနိုင်ပါတယ်။ 17 – Exosteroid Estrogen နဲ့ Pregnanediol ပမာဏကို ဆီးထဲတွင် တိုင်းတာရပါတယ်။ မိဘများကလည်း အဲဒီကလေးကို အတော်ဂရုစိုက်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ မတော်တဆဖြစ်နိုင်ပြီး သားသမီးတွေ ရနိုင်လို့ပါပဲ။

Credit : အေးကမ္ဘာဒေါက်တာချစ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18