Print

အပူကြောင့်ဖြစ်သည့်အရေးပေါ်အခြေအနေများ

  01-Mar-2020
Preview Image

အပူကြောင့်ကြွက်တက်ခြင်း Heat Cramps

ပူအိုက်သည့်ရာသီတွင် ပင်ပင်ပန်းပန်းလုပ်ရပြီး ချွေးအလွန်ထွက်သူများသည်။ တစ်ခါတစ်ရံ ခြေထောက်၊ လက် (သို့) ဝမ်းဗိုက်တို့ နာကျင်တတ်ကြသည်။ ခန္ဓာကိုယ်မှ ဆားဓာတ်မရှိတော့၍ ဤသို့ ဖြစ်ရခြင်းဖြစ်သည်။

ကုသနည်း

ကျိုချက်ပြီးသား ရေတစ်လီတာတွင် ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်သောက်ပါ။

Heat Exhaustion အပူငုပ်ဖျား

ပူအိုက်သည့်ရာသီတွင် အလုပ်များစွာလုပ်ပြီး ချွေးများစွာထွက်သူ သည် ဖြူဖတ်ဖြူလျော်ဖြစ်ကာ အားနည်းလာပြီး သတိမေ့မလိုလိုဖြစ်တတ်သည်။ အသားအရေမှာလည်း စိုစွတ်ပြီး အေးစက်လာသည်။ သွေးခုန်နှုန်းမြန်ပြီး အားနည်းသည်။

ကုသနည်း

ရေတစ်လီတာတွင် ဆားလက်ဖက်ရည်တစ်ဇွန်းထည့်၍ တိုက်ပါ။ (လူနာသတိမေ့နေသည့်အခါ ပါးစပ်မှ ဘာကိုမျှမကျွေးပါနှင့်)။

Heat Stroke အပူရှပ်ခြင်း


ယင်းရောဂါမှာ ဖြစ်လေ့ဖြစ်ထမရှိလင့်ကစား အန္တရာယ်အလွန်ကြီးသည်။ ယင်းရောဂါသည် အထူးသဖြင့် အသက်ကြီးသူများနှင့် ပူအိုက်သည့်ရာသီ၌ အရက်သောက် သူများတွင် ဖြစ်တတ်သည်။

လက္ခဏာများ

အသားအရေနီမြန်းပြီး အလွန်အမင်းပူကာ ခြောက်သွေ့သည်။ ချိုင်းကြား၌ပင် ချွေးမထွက်ပေ။ အဖျားအလွန်ကြီးပြီး တစ်ခါတစ်ရံ ၄၂ ဒီဂရီစင်တီဂရိတ်ထက်ပင် ကျော်လွန်သည်။ တစ်ခါတစ်ရံ သတိမေ့မြောတတ်သည်။

ကုသနည်း

ခန္ဓာကိုယ်အပူချိန်ကို ချက်ချင်းချရမည်။ လူနာအားအရိပ်ထဲထားပါ။ ရေအေး (ဖြစ်နိုင်လျှင်ရေခဲရေ) ဖြင့်ဆွတ်ပြီး ယပ်ခတ်ပေးပါ။ အဖျားမကျမချင်း ဤအတိုင်းလုပ်ပါ။ ဆေးကုသရန်ကြိုးစားပါ။

Credit : ဦးခင်မောင်တင် 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18