Print

Eating Disorders (မူမမှန်စားသောက် နေထိုင်မှု)

  23-Feb-2020
Preview Image

မိမိ၏ စားသောက်ပြုမှုနေထိုင်ခြင်းကို ပုံမှန်မဟုတ်ဟု မိမိကိုယ်တိုင်ထင်နေသည့် ရောဂါတစ်မျိုးဖြစ်သည်။
အလွန်အမင်းစားခြင်း၊ လျော့စားခြင်း တို့ဖြစ်ပေါ်သည့်အတွက် နောက်ပိုင်းတွင် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါသည်။

အမျိုးအစားများ

- မိမိကိုယ့်ကို အလွန်အမင်းဝနေသည်ဟုထင်၍ အစားလျော့စားခြင်း၊ လေ့ကျင့်ခန်းပြင်းထန်စွာပြုလုပ်၍ ဝိတ်ချခြင်း။ (Anorexia nervosa)
- အလွန်အကျွံစားပြီး အလွန်အကျွံလျော့ခြင်း။ (Bulimia)
- အချိန်တိုအတွင်း အလွန်အမင်းပြည့်အင့်အောင်စားခြင်း။ (Binge eating disorder)

ဖြစ်ပွားရသော အကြောင်းရင်းများ

မွေးရာပါဗီဇ၊ ပတ်ဝန်းကျင်အနေအထား၊ နေထိုင်နေရသောပုံစံတို့ အပေါ်မူတည်၍ အကြောင်းစုံပြီး ဖြစ်ပေါ်ခြင်းဖြစ်သည်။
- စိတ်ကျရောဂါရှိခြင်း
- မူးယစ်ဆေးသုံးစွဲခြင်း
- စားသောက်နေထိုင်မှု၊ ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန် လှပရန် လိုအပ်နေသည်ဟု အမြဲတမ်းထင်မြင်နေသူများ။
- ကိုယ်ခန္ဓာ ပုံရိပ်အပေါ် မှီခိုရသော အလုပ်အကိုင် (သို့) အားကစားနည်းကို ပြုလုပ်နေရသူများ (ဥပမာ- မော်ဒယ်လ်၊ ကိုယ်ကာယ နည်းပြ၊ Ballet ကချေသည်)
- မိမိပတ်ဝန်းကျင်၊ မိသားစုဝင် (သို့) သူငယ်ချင်းများနှင့် အဆင်မပြေခြင်းရှိလျှင်
- စိတ်ဖိစီးမှုများသော အလုပ်ပတ်ဝန်းကျင်ဖြစ်လျှင်။

ရောဂါရှိနေသည်ဟု သံသယဖြစ်စေနိုင်သောအချက်များမှာ..
- အစာစားရမည့်အချိန်တွင် မစားဘဲနေခြင်း။
- မိမိကိုယ်ကို ဝ နေသည်ဟုထင်နေခြင်း။
- မိမိကိုယ်ကို ကိုယ်အလေးချိန်ချရန်လိုအပ်နေပြီဟု မှန်ကြည့်တိုင်း ထင်ခြင်း။
- အစာစားပြီးလျှင်လည်း အများကြီးစားမိပြီဟု ကိုယ့်ကိုယ်ကို အပြစ်မြင်ခြင်း။
- အခြားသူများအတွက်ထမင်း၊ ဟင်းအများကြီးချက်ပေးလေ့ရှိပြီး မိမိကိုယ်တိုင်တွင် အနည်းငယ်သာစားခြင်း။ သို့မဟုတ် လုံးဝမစားခြင်း။
- ကယ်လိုရီနည်းသော အစားအစာများသာစားခြင်း (ဥပမာ ဆလပ်ရွက်၊ မုန်ညင်း)
- လူအများကြားတွင် အစားမစားခြင်း၊

အဖြစ်များသောအုပ်စု

မည်သည့်အသက်အရွယ်တွင်မဆို ခံစားရနိုင်သည် ဆိုသော်လည်း အပျိုဖော်၊ လူပျိုဖော်ဝင်စအရွယ် အသက်၁၆၊ ၁၇ များတွင် ပို၍အဖြစ်များသည်။
အမျိုးသမီး ၂၅ဝ တွင် ၁ယောက်၊ အမျိုးသား ၂ဝဝဝ တွင်၁ယောက် ဖြစ်တတ်သည်။
Bulimia ရောဂါသည် ၁၈၊ ၁၉ ဝန်းကျင်တွင် ဖြစ်လေ့ရှိပြီး ဝေဒနာခံစားရသူ၏ ၉ဝ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်။
Binge ရောဂါသည် အသက် ၃ဝ နှင့် ၄ဝ ပတ်ဝန်းကျင်တွင်ဖြစ်တတ်ပြီး အယောက်၁ဝဝ တွင် ၁ယောက်ဖြစ်တတ်သည်။

ကုသခြင်း


- cognitive behavioural therapy (CBT) ခေါ် ကုသနည်းဖြင့် ကုသခြင်း
- ဆေးဝါးဖြင့် ကုသခြင်း (SSRIs)
- ကျန်းမာသော အစားအသောက်ကို စားသောက်စေခြင်းဖြင့် ကုသခြင်း
- နှစ်သိမ့်ဆွေးနွေးခြင်းဖြင့် ကုသခြင်း
ကုသရာတွင် ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ပြုစုပျိုးထောင်ပေးခြင်း ပြုလုပ်သင့်သည်။ ထို့ကြောင့် မိသားစုဝင်များနှင့် သူငယ်ချင်းအပေါင်းအသင်းများ၏ အားပေးမှုသည် အဖိုးမဖြတ်နိုင်အောင် အရေးပါလှပါသည်။

Credit : Dr.hp

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18