Print

အသက် (၁၈) မှ (၂၉) နှစ်အတွင်း စိတ်ကျရောဂါဖြစ်ပွားမှုများလာ

  17-Feb-2020
Preview Image

မြန်မာနိုင်ငံတွင် လူငယ်လူရွယ်များ၌ စိတ်ကျရောဂါဖြစ်ပွားမှုသည် သက်ကြီးပိုင်းအရွယ်များထက် သုံးဆခန့်မြင့်တက်နေကြောင်း စိတ်ရောဂါကုဆရာဝန် ကြီး ပါမောက္ခဒေါက်တာ ဉာဏ်ဝင်းကျော်က ပြောကြားသည်။

‘‘အသက် (၁၈)နှစ်ကနေ (၂၉)နှစ်အတွင်းမှာ အသက် (၆၀)အထက်လူနဲ့စာရင် သုံးဆလောက်ပိုများတယ်။ အမျိုးသားနဲ့ အမျိုးသမီးယှဉ်ရင်လည်း အမျိုးသမီးတွေက သုံးဆလောက်ပိုဖြစ် တယ်ဆိုတာ တွေ့ရတယ်’’ဟု ဒေါက်တာ ဉာဏ်ဝင်းကျော်က ပြောသည်။

‘‘လူငယ်တွေမှာ ပိုများနေတာက နေထိုင်မှုပုံစံတွေနဲ့ ဆက်စပ်နေတယ်။ ရုန်းကန်လှုပ်ရှားရ တာတွေများလာတဲ့အခါ စိတ်ဖိစီးမှုတွေ ပိုများလာပြီး အဲဒီစိတ်ဖိစီးမှုတွေကို ပြေပျောက်အောင် ကြိုးစားမှုမှာ လိုအပ်ချက်တွေရှိ လာတဲ့အခါ ပိုပြီးတော့ခံစားရပြီး စိတ်ကျရောဂါတွေ ဖြစ်လာတာ ပါ’’ဟု ဒေါက်တာဉာဏ်ဝင်းကျော် က ပြောသည်။

စိတ်ကျရောဂါမဖြစ်ပွားစေရန် နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အာဟာရပြည့်ဝမျှတသော အစာအစားများ စားသုံးခြင်းနှင့် ပုံမှန် လေ့ကျင့်ခန်းများပြလုပ်ခြင်းအပြင် တရားထိုင်ခြင်းကဲ့သို့ စိတ်ဖိစီးမှု လျော့ကျစေမည့် နည်းလမ်းများ ကျင့်သုံးခြင်းတို့လိုအပ်ကြောင်း စိတ်ရောဂါကုဆရာဝန် ကြီးအချို့က အကြံပြုသည်။

ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၃၅ဝ ခန့် စိတ်ရောဂါဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင်မူ လူဦးရေ တစ်ထောင်လျှင် ၅၇ ဦး စိတ်ရောဂါဖြစ်ပွားလျက်ရှိပြီး စိတ်ရောဂါနှင့်ပတ်သက်၍ စိတ်ကစဉ့် ကလျားရောဂါ၊ စိတ်ကျ/ စိတ်ကြွရောဂါ အများဆုံးဖြစ်ပွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ရန်ကုန်စိတ်ကျန်းမာရေး ဆေးရုံကြီးတွင် ၂ဝ၁၄ က ပြင်ပ လူနာ ၁၁,၄၂၁ ဦးနှင့် အတွင်းလူ နာ ၁,၃ဝဝ ခန့်ဖြင့် စုစုပေါင်း လူနာဦးရေ ၁၃,၈၃၃ ဦး ကုသခဲ့ကြောင်း ယင်းဆေးရုံမှတ်တမ်းများအရ သိရသည်။


Credit : 7 days daily


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18