Print

သွားနှုတ်မည်ဆိုပါက လိုက်နာသင့်သည့်အချက်များ

  06-Feb-2020
Preview Image

သွားနှုတ်မယ်ဆိုရင် လိုက်နာသင့်တဲ့အချက်တွေကတော့ သွားနှုတ်မယ့်နေ့ မတိုင်ခင်မှာ ကျန်းမာရေးအတွက် အပြင်းအထန် လေ့ကျင့်ခန်းတွေကို မလုပ်ဖို့လိုပါတယ်။ ဒီလိုအပြင်းအထန် လေ့ကျင့်ခန်းတွေ မလုပ်ဘဲနဲ့ သက်တောင့်သက်သာနေပြီးမှ
နောက်နေ့မှာ သွားနှုတ်သင့်ပါသည်။ နောက်ပြီး သွားနှုတ်မယ်ဆိုရင် ဆရာဝန်က ဘာမှမမှာကြားထားဘူးဆိုရင် တတ်နိုင်သမျှ အစာစားပြီးမှ သွားစေချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သွားနှုတ်ပြီးပြီးချင်း ဘာမှစားလို့မရတဲ့အတွက် ဗိုက်ဆာနေမယ်ဆိုရင် ပိုဆိုးမှာဖြစ်လို့ အစာလေးစားပြီးမှ သွားသင့်ပါတယ်။

နောက် ဆရာဝန်က သွားမနှုတ်ခင်မှာ ဆေးကြိုသောက်ဖို့ လိုပါတယ်။ ဥပမာ ပိုးမပျံ့အောင် တစ်နာရီ၊ နှစ်နာရီ ဆေးကြိုသောက်ပါဆိုရင် ကြိုသောက်ဖို့လိုပါတယ်။ မသောက်ခဲ့ဘူးဆိုရင် ပိုပြီးခံရနိုင်ပါတယ်။ နောက် သွားနှုတ်ဖို့သွားမယ်ဆိုရင် ခံတွင်းကို သန့်ရှင်းအောင် သွားတိုက်တာမျိုး သန့်ရှင်းရေးလုပ်ပြီးမှသွားတာ အကောင်းဆုံးပါပဲ။ တတ်နိုင်လို့ရှိရင် Antiseptic Mouth solution ယူသွားပြီး သွားနှုတ်တဲ့ ခုံပေါ်ရောက်မှ ပလုတ်ကျင်းနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

Credit : ပါမောက္ခဦးကိုကိုမောင်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18