Print

အစာလမ်းကြောင်းတွင်းက အဏုဇီဝပိုးမွှား

  26-Jan-2020
Preview Image

ကျွန်တော်တို့ရဲ့ အစာလမ်းကြောင်းတွင်းက အဏုဇီဝပိုးမွှားလေးတွေဟာ အစာချေဖျက်ပေးဖို ့သာမကပဲ ခန္ဒာကိုယ်အတွင်းက အချို့သောလုပ်ငန်းတွေမှာပါ အထောက်အကူ ပြုလျက်ရှိနေပါတယ်။ Cleveland က လေ့လာသူတွေကတော့ အစာလမ်းကြောင်းတွင်းက အဏုဇီဝပိုးမွှားတွေက အစာချေဖျက်ရာပေးရာမှာထွက်လာတဲ့ choline, lecithin နဲ့ carnitine စတဲ့ ဓာတ်တွေကို ကိုယ်တွင်း အခြားလုပ်ငန်းတွေမှာပါ အထောက်အကူပြုစေနိုင်မယ့် နည်းလမ်းတစ်မျိုးကို ရှာတွေ့ထားကြပါတယ်။

"ကျွန်တော်တို့ကတော့ ကိုယ်တွင်းမှာရှိတဲ့ အဏုဇီဝပိုးမွှားလေးတွေနဲ့ အစာတွင်းမှာ ပါဝင်တဲ့ နှလုံးရောဂါကို ဖြစ်စေနိုင်မယ့် ဓာတ်တွေကို လျှော့ချပေးနိုင်အောင် လုပ်ဆောင်နိုင်ပြီ။ ဒီလိုလုပ်ဆောင်နိုင်မှုကြောင့် အစာလမ်းကြောင်းတွင်းကနေ ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေမှာ နိုက်ထရိုဂျင်ပါဝင်မှု ပိုနိမ့်သွားတာကို တွေ့ရပြီး လူတွေရဲ့ ဆဲလ်တွင်းက ကိုလက်စထရော ပါဝင်နှုန်းတွေကိုပါ လျှော့ချနိုင်ခဲ့ပါတယ်။ "

" အဆီပိတ်ရောဂါနဲ့ ဆီးချိုရောဂါတွေဟာလည်း ဒီအဏုဇီဝပိုးတွေနဲ့ အတော်လေးကို ဆက်စပ်နေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာချက်သုံးခုက အခုလောလောဆယ်မှာတော့ အစာတွင်းမှာ နှလုံးရောဂါဖြစ်နိုင်တဲ့ ဓာတ်တွေ ပါဝင်မှုကို လျှော့ချပေးနိုင်ခဲ့ပြီ။ ဒီလို အဏုဇီဝပိုးတွေနဲ့ ပူးပေါင်းလုပ်ဆောင်လာနိုင်မှုတွေကို အခြားသော ဇီဝကမ္မဖြစ်စဉ်တွေမှာပါ အကျိုးပြုနိုင်အောင် လုပ်ဆောင်လာနိုင်မယ်လို့ ထင်ပါတယ် " လို့ ဦးဆောင်လေ့လာသူ Dr. Stanley Hazen က ပြောပါတယ်။


Credit : ဖိုးသူတော်



သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 



Related Articles


Advertisment 18