Print

အပူချိန်ပြင်းပြင်းနှင့် ဦးခေါင်းကျန်းမာရေး

  07-Nov-2019
Preview Image

နေပူပြင်းတဲ့အတွက် ရေဓာတ်လျော့နည်းနေရင် ဦးနှောက်ရဲ့ အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ လုပ်ငန်းဆောင်တာတွေ ပြောင်းလဲသွားတတ်ပါတယ်။ အာရုံစူးစိုက်လို့မရတာ၊ မူးမေ့သွားတာနဲ့ သေဆုံးသွားတဲ့အထိ ဖြစ်တတ်ပါတယ်။ ရေဓာတ်ပြည့်ဝဖို့က အထူးအရေးကြီးပါတယ်။

အထူးသဖြင့် နေပူပြင်းတဲ့ နေ့တွေမှာပါ။ ရေဓာတ်အနည်းငယ် လျော့သွားရင်တောင် ဦးနှောက်ပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်လို့ သုတေသီတွေက တွေ့ရှိထားပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ရေရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်းဟာ ချွေးအဖြစ် ထွက်သွားရင်တောင် ခေါင်းကိုက်တာ၊ စိတ်ခံစားမှု ပြောင်းလဲတာ၊ မောပန်းတာနဲ့ အာရုံစူးစိုက်လို့မရတဲ့ အခက်အခဲတွေ ဖြစ်နိုင်တယ်လို့ အမေရိကန်မှ သုတေသီတွေက မကြာခင်က တွေ့ရှိထားပါတယ်။

အားကစားသမားတွေ အနေနဲ့လည်း နေပူပြင်းတဲ့နေ့မှာ Training ဆင်းရရင်လည်း ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်လျော့နည်းတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ရေများများသောက်တဲ့အတွက် ဆား

လိုမျိုး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓာတ်တွေကို ရေရောလိုက်သလို ဖြစ်သွားတာကြောင့်ပါ။


ဘာလုပ်သင့်သလဲ
• လေ့ကျင့်ခန်းအပြင်းအထန် လုပ်နေစဉ်မှာ ရေအစား ဓာတ်ဆားရည်ပါတဲ့ ဖျော်ရည် သောက်ပေးပါ။
• ကဖင်း၊ အချိုရည်နဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တွေကို နေပူပြင်းတဲ့နေ့မှာ မသောက်သင့်ပါဘူး။ သူတို့ကြောင့် ရေဓာတ်ဆုံးရှုံးမှု ဖြစ်နိုင်တာကြောင့်ပါ။

Ref:
ဒေါက်တာခင်မိုးမိုး


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18