Print

သင့်စိတ်ဖိစီးမှုတွေရဲ့ အဓိကတရားခံ

  29-Sep-2019
Preview Image

နေ့စဉ်ဘဝမှာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား နေရတာကြောင့် စိတ်ဖိစီးမှုဆိုတာ လူတိုင်းနဲ့ မကင်းပါဘူး။ သို့ပေမယ့် အချို့လူတွေကတော့ စိတ်ဖိစီးမှုတွေ များတဲ့ကြားထဲက အောင်မြင်သော ဘဝဆီသို့ အရောက်လှမ်းနိုင် ကြပြီး အချို့ကျတော့လည်း ပြိုလဲ ကုန်ကြပါတယ်။ ဒီလို အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေဟာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုခံယူပြီး တုန့်ပြန်နေလဲဆိုတာ ပေါ်မှာ အများကြီး မူတည်နေပါတယ်။

စိတ်ဖိစီးမှုတွေကို ဖြစ်စေတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။ အောက်ဖက်မှာ ဖော်ပြထားတာကတော့ စိတ်ဖိစီးမှုကို အဓိက ဖြစ်စေတဲ့ အကြောင်းအရင်း လေးတွေပါ။ ဒီအကြောင်းအရင်း တွေကို သေချာသုံးသပ်ပြီး သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မယ် ဆိုရင်တော့ ဘဝဟာ ယခင်ကထက် နေပျော်လာမှာ မလွဲပါဘူး။

၁။ ငွေရေးကြေးရေး အခက်အခဲ ကြုံနေရခြင်း။

၂။ ဘယ်တော့မှ မပြီးမဆုံးနိုင်တဲ့ အလုပ်တာဝန်တွေကို ထမ်းဆောင်နေရခြင်း။

၃။ ကိုယ်မနှစ်သက်တဲ့ အလုပ်တာဝန်တွေကို လုပ်ဆောင်နေရခြင်း။

၄။ စိတ်ချမ်းသာစရာ မကောင်းတဲ့ Relationship တစ်ခုကြောင့် ပျော်ရွှင်မှုတွေ ပျောက်ပြယ်နေခြင်း။

၅။ မနိုင်ဝန်ထမ်းနေရခြင်း။

၆။ တစ်ယောက်ထဲ အထီးကျန်သလို ခံစားနေရခြင်း။

၇။ ကိုယ့်ဘဝကိုယ် အခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး ပင်ပန်းကြီးစွာ ရုန်းကန်နေခြင်း။

၈။ ဆာလောင်မွတ်သိပ်မှု ခံစားနေရခြင်း။

၉။ မကောင်းမြင်စိတ် ရှိနေခြင်း။

၁ဝ။ အရာရာအတွက် စိုးရိမ်မှု လွန်ကဲနေခြင်း။

၁၁။ လုံးဝ မကျေအေးနိုင်တဲ့ အမုန်းတရားများ ရှိနေခြင်း။

၁၂။ ဒေါသတွေ ၊အမုန်းတရားတွေကို စိတ်ထဲမှာ တေးထားတတ်ခြင်း။

၁၃။ အကူအညီမဲ့ သလိုမျိုး ခံစားနေရခြင်း။

Credit : ဂန္တဝင် မဂ္ဂဇင်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18