Abrasion ပွန်းပဲ့ဒဏ်ရာများ
16-Sep-2019
အရေပြား၏ အပေါ်ယံအကျဆုံးအလွှာတွင် ထိခိုက်ဒဏ်ရာရခြင်းကြောင့်
ဖြစ်ပွားသော ဒဏ်ရာများဖြစ်ပြီး အရေပြားစုတ်ပြဲပြီး အောက်အလွှာပေါ်လာခြင်းဖြစ်သည်။ ထိုဒဏ်ရာများသည်
ကလေးငယ်များတွင် အများဆုံးဖြစ်ပွားပြီး စိုးရိမ်စရာမရှိပေ။ သို့ရာတွင် ရောဂါပိုးဝင်ရောက်လျှင်ကား
အန္တရာယ်ဖြစ်နိုင်သည်။ အလွန်သေးငယ်သော ပိုးမွှားကလေးများက ပွန်းပဲ့နေသော တစ်သျှူးကြွက်သားများထဲ
ဝင်ရောက်ပြီး ရောင်ရမ်းခြင်းနှင့် ပြည်တည်ခြင်းကိုဖြစ်စေနိုင်သည်။
ပွန်းပဲ့သောဒဏ်ရာများကို သန့်စင်သော ရေကျက်အေးနှင့် ဆေးကြောပြီးနောက်
အရက်ပျံ (သို့) အခြားပိုးသတ်ဆေးတစ်ခုခု ထည့်ပေးပါ။ ရေသန့်သန့်မရသောအခါတွင် မိမိ၏ တံတွေးနှင့်
ဆွတ်ပြီး ဆေးကြောပါ။ တံတွေးတွင် ပိုးသေစေနိုင်သော ဂုဏ်သတ္တိအနည်းငယ် ပါရှိပါသည်။ ပွန်းပဲ့သော
ဒဏ်ရာသေးငယ်ပါက မဖုံးအုပ်ဘဲ လေဖြင့် ခြောက်သွေ့စေသင့်ပါသည်။ ဒဏ်ရာကြီးမားပါက ဒဏ်ရာကို
မကပ်စေသော ပတ်တီးဖြင့် (ဥပမာ - Melolin) ကပ်ထားပြီး ၃-၄ ရက်ကြာမျှ ထားရမည်။ ဤအတိုင်း
လုပ်ဆောင်သော်လည်း ပြည်တည်လာပါမူ ဆရာဝန်နှင့် ပြသ၍ ညွှန်ကြားသော ပဋိဇီဝဆေးများ သောက်သုံးရမည်ဖြစ်ပါသည်။
Credit : ဒေါက်တာမေမိုးနွယ်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

