Print

ကလေးများရှေ့မှာ မိဘများရန်ဖြစ်ပြပါက ကလေးများ၏ ဦးနှောက်အပေါ် ဆိုးကျိုးမ...

  16-Aug-2019
Preview Image

ကလေးများရှေ့တွင် မိဘလုပ်သူများ ရန်ဖြစ်ငြင်းခုံခြင်းသည် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုမှု အပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိစေနိုင်ကြောင်း သိရသည်။ ဦးနှောက်ကို သံလိုက် လှိုင်းသုံး ပုံရိပ်ဖော် လေ့လာမှုများအရ အသက်ဆယ့်တစ်နှစ်အထိ မိသားစုပြဿနာများကို အနည်းနှင့် အများကြုံတွေ့ခဲ့ရသည့် ကလေးများသည် ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။ အဆိုပါ ပြဿနာများတွင် မိဘများအကြား ဆက်ဆံရေးတင်းမာမှုများ၊ ကိုယ်ထိလက်ရောက် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ချစ်ခင်နွေးထွေးမှုမရှိခြင်း (သို့မဟုတ်) မိသားစုဝင်များအကြား ဆက်ဆံရေး အေးစက်ခြင်း စသည်တို့ ပါဝင်သည်။ ကလေးငယ်များအပေါ်မသိ ကျိုးကျွံပြုမူခြင်း၊ နှိပ်စက်ညှင်း ပန်းခြင်းတို့၏ အကျိုးဆက်များကို အဓိကထား လေ့လာခဲ့ကြခြင်းဖြစ်သည်။ မိသားစုပြဿနာများနှင့် ကြုံတွေ့ရသည့် ဆယ်ကျော်သက်လေးများသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာများရှိနေသည့် မိဘများ (သို့မဟုတ်) မိသားစု အပေါ်အကောင်းမမြင်တတ်သည့် လူမျိုးများ ဖြစ်လာနိုင်သည်ဟုလည်း သိရသည်။ လေ့လာမှု စစ်တမ်းကို Neuro Image: Clinical ဂျာနယ်တွင် ထည့်သွင်းဖော်ပြ ထားခြင်းဖြစ်သည်။

Credit :Myawady New

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18