Print

အိပ်ရေးဝသည့် အမျိုးသားများ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေလျှော့နည်း

  25-Jul-2019
Preview Image

အိပ်ရေးဝဝ အိပ်တာက အမျိုးသားတွေကို ဆီးကျိတ်ကင်ဆာမှ ကာကွယ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဖော်ထုတ်လိုက်ပါတယ်။ ခန္ဓာကိုယ်အတွင်း အိပ်စက်မှုဟော်မုန်း မယ်လတိုနင် အဆင့်မြင့်မားစွာရှိသူဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ၇၅ ရာခိုင်နှုန်း လျော့နည်းတယ်လို့ လေ့လာမှုတစ်ခုအရ တွေ့ရှိထားပါတယ်။ ကျွန်ပ်တို့ရဲ့ခန္ဓာကိုယ်ဟာ အလင်းရောင်မရှိတော့ဘဲ မှောင်လာရင် မယ်လတိုနင် ထွက်ရှိလာပါတယ်။ မယ်လတိုနင်ဟာ အိပ်စက်မှုစက်ဝန်းကို ထိန်းချုပ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝနရီနဲ့ ဆက်သွယ်နေတဲ့ လုပ်ငန်းဆောင်တာတွေအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။ ခန္ဓာကိုယ်တွင် မယ်လတိုနင် အနည်းငယ်သာ ရှိသူတွေဟာ အိပ်ပျော်ဖို့ ခက်ခဲတတ်ပြီး ညမှာ မကြာခဏ နိုးထနေတတ်ပါတယ်။

မယ်လတိုနင်က ကင်ဆာဖြစ်နိုင်ခြေအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ သိရှိဖို့ လေ့လာမှု အများအပြား ပြုလုပ်ဖို့ လိုသေးတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အခြားလေ့လာမှုတစ်ခုအရလည်း ဆီးကျိတ်ကင်ဆာရှိသူပေါင်း ၅၇၂ ယောက်ကို စမ်းသပ်ရာမှာ လမ်းမြန်မြန် လျှောက်နိုင်သူ (တစ်နာရီကို သုံးမိုင်ခန့်
လျှောက်နိုင်သူ) တွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းတယ်လို့တွေ့ရှိထားပါတယ်။ ရောဂါရှိခဲ့ရင်လည်း ရောဂါအခြေအနေ (Prognosis) ကောင်းမွန် ကြောင်းနှင့် ကာယလှုပ်ရှားမှု တက်တက်ကြွကြွရှိတဲ့ ဆီးကျိတ်ကင်ဆာ ဝေဒနာရှင်တွေအနေနဲ့ ဆီးကျိတ်ကင်ဆာ ပြန်လည်ဖြစ်နိုင်ခြေနဲ့ သေဆုံးနိုင်ခြေ အလွန်နည်း ကြောင်းသိရပါတယ်။

Credit : Arogyam Magazine

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18