Print

အမျိုးသမီးလစဉ်သုံးပစ္စည်းများနဲ့ကင်ဆာရောဂါအန္တရာယ်

  26-Jun-2019
Preview Image

အိန္ဒိယနိုင်ငံ၊ ကာလကတ္တားရှိ Tata Cancer Hospital (ခေါ်) ကင်ဆာဆေးရုံမှ အမျိုးသမီးများအတွက် ကျမ္မာရေးအသိပေး နှိုးဆော်ထားချက်ကို မျှဝေလိုက်ပါရစေ။ အဲဒီဆေးရုံမှာ သားအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာတို့ဖြင့် လာရောက်ကုသမှု ခံနေကြတဲ့ အမျိုးသမီးဝေဒနာရှင်များကို ဆေးမှတ်တမ်းပြုစု၍ရောဂါရာဇဝင်ကို လေ့လာစမ်းစစ်တဲ့အခါမှာ၊ ထိုကင်ဆာဝေဒနာသည် အများစုဟာ ဓမ္မတာရာသီလာတဲ့အခါ pad (ခေါ်) လစဉ်သုံးပစ္စည်းကို အတွင်းခံဘောင်းဘီမှာ အချိန်ကြာမြင့်စွာထားပြီး၊ တော်တော်နဲ့ အသစ်လဲလေ့မရှိခဲ့ကြတာကို အဖြေရှာတွေ ့ခဲ့ပါတယ်။

ရာသီသွေးဆင်းတဲ့အခါ အတွင်းခံဘောင်းဘီမှာ ကပ်ထားတဲ့ pad (ခေါ်) လစဉ်သုံးပစ္စည်းက အပြင်အဝတ်အထည်တွေကို မစွန်းထင်းစေဖို့ စုပ်ယူထိန်းထားပေးလေ့ရှိပါတယ်။ pad တွေကို ဓာတုပစ္စည်းတွေနဲ့ ဖန်တီးပြုလုပ်ထားခြင်းကြောင့်သာ၊ အခုလို ရာသီသွေးရည်များနဲ့ အစိုဓာတ်ကို အချိန်ကြာကြာ စုပ်ယူထိန်းထားနိုင်တာပါ။ ဒါပေမယ့် အချိန်တော်တော်ကြာ စုပ်ယူပြီးနောက်မှာတော့ pad မှာပါတဲ့ ဓာတုပစ္စည်းများ
ပျက်ပြယ်ကာအထဲမှာ စုပ်ယူထိန်းပေးထားတဲ့ သွေးပုပ်များကို ဓာတ်ပြောင်းလဲစေပြီး၊ အနီရောင်မှ အစိမ်းရောင်မှို ဖြစ်သွားပါတော့တယ်။ ထိုမှိုများက ယောနိလမ်းကြောင်းမှတဆင့် သားအိမ်လမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းတစ်လျှောက် ပျံနှံ့သွားကာ၊ နောက်ဆုံးမှာတော့ ဆီးအိမ်နဲ့သားအိမ်တို့ကို ကင်ဆာဖြစ်လာစေပါတယ်။

 

ဒါ့ကြောင့် pad ကို အတွင်းခံမှာ အကြာကြီးမထားဘဲ ၅- နာရီကြာတိုင်း အသစ်လဲပေးပါလို့ Tata Cancer Hospital က အကြံပြုထားပါတယ်။ ၎င်းလစဉ်သုံးပစ္စည်းများသာမက၊ daily use (ခေါ်) နေ့စဉ်သုံး ကပ်ခွာပစ္စည်းတွေကိုလည်း ၅ နာရီကြာသုံးပြီးတိုင်း အသစ်လဲလှယ် ပေးသင့်ပါတယ်တဲ့။ ၂ဝ၁၃ခုနှစ်၊ Tata Cancer Hospital ရဲ့ မှတ်တမ်းအရ၊ pad တစ်ခုတည်းကို အချိန်ကြာကြာ သုံးစွဲခဲ့ခြင်းကြောင့် ဖော်ပြပါ ကင်ဆာရောဂါများနဲ့ကွယ်လွန်သူ အမျိုးသမီးဦးရေမှာ ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလလယ်အထိ ၅၆ ဦးရှိနေပါပြီတဲ့။ ဒါကြောင့် အမျိုးသမီးထု တကိုယ်ရေးသန့် ရှင်းကျမ္မာရေးအတွက် လွန်စွာအရေးကြီးလို့ ရှက်စရာလို့ မယူဆဘဲ၊ဒီသတင်းကို မိမိရဲ့ မိတ်ဆွေ၊ အပေါင်း အသင်းများအား ကျယ်ကျယ်ပြန့်ပြန့် မှျှဝေအသိပေးပါလို့ ကင်ဆာဆေးရုံမှ ထပ်လောင်း အကြံပြုထားပါတယ်။

Ref: ပေါက်ပေါက်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18