Print

HIV ကူးစက်ခံထားရသူများ

  20-Jun-2019
Preview Image

ကမ္ဘာပေါ်တွင် HIV ကူးစက်ခံထားရသူများ၏ ၄၉ ရာခိုင်နှုန်းမှာ ၎င်းတို့တွင် HIV ပိုးရှိမှန်း မသိကြကြောင်း။ ထို့ကြောင့် လူတိုင်းသွေးစစ်ကြည့်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဆရာဝန်ကြီး ဒေါက်တာမျိုးသန့်က ၃.၁၂.၂ဝ၁၅ ရက်နေ့က မြေနီကုန်း၊ သိရိမင်္ဂလာလမ်းရှိ အမျိုးသားကျန်းမာရေး ပြတိုက်၌ ပြုလုပ်ခဲ့သော ဖိုရမ်၌ ပြောကြားခဲ့တယ်။


ယခင်က HIV ကူးစက်ခံရပါက ၆ လကြာပြီးမှသာ စစ်ဆေးသိရှိနိုင်ပြီး ယခုအခါ ၆ ပတ်မှ ၁၂ ပတ်အကြာတွင် စစ်ဆေးသိရှိနိုင်ပြီဖြစ်ကြောင်း မွေးပြီးကလေးဆိုပါက ၆ ပတ်ကြာလျှင် စစ်ဆေးသိရှိနိုင်ပြီဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။


ယခုအခါ နိုင်ငံတော်မှ ART ဆေးသောက်သုံးရန် လိုအပ်သော AIDS လူနာများကို ART ဆေးများအခမဲ့ လုံလုံလောက်လောက် ပေးနေပြီဖြစ်ကြောင်း ကိုယ်ဝန်ဆောငင်အမျိုးသမီးများအား HIV ပိုးရှိ၊ မရှိ စစ်ဆေးခြင်းကိုလည်း အခမဲ့ ပြုလုပ်ပေးနေကြောင်းလည်း ရန်ကုန်မြို့ ဝေဘာဂီကူးစက်ဆေးရုံကြီးမှ ထင်အောင်စောက ပြောပြခဲ့ပါတယ်။


မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ပျံ့ပွားမှုမှာ လွန်ခဲ့သော ၅ နှစ်ကထက် ထက်ဝက်နီးပါး လျော့ကျလာပြီး ယခုအခါ လူ ၁ သိန်းလျှင် ဝ.၄၇ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း သိရှိရပါတယ်။ အဆိုပါ ဖိုရမ်မှာ ၂ဝ၁၅ ခုနှစ် ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သော ဖိုရမ်ဖြစ်ကြောင်း သိရှိရပါသည်။

Credit : အိ


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18