Print

အကြမ်းဖက်ခံနေရသည်ကို မည်ကဲ့သို့သိရှိနိုုင်မည်နည်း။

  01-May-2019
Preview Image

တချိူ့သောသူများ (ဥပမာ စိတ်ဝေဒနာ ခံစားနေရသူများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ) သည် တခြားသော သူများထက် အကြမ်းဖက်ခံရရန် အခွင့်အလမ်း ပိုမိုများပြားပါသည်။ လူတို့သည် မိမိတို့ခံစားရသည်များကို အမူအရာဖြင့်သော်
လည်းကောင်း၊ စိတ်ခံစားမှုအသွင်ဖြင့် သော်လည်းကောင်း ပြသလေ့ရှိသည်။ တစ်ခါတစ်ရံတွင် သူတို့ခံစားရသည်တို့ကို မြိုသိပ်ထားတတ်ကြသည်။ တချို့က ခံစားခဲ့ရသည်တို့ကို ခံနိုင်ရည်ရှိ တချို့က ခံစားရသည်တို့ကို ခံနိုင်ရည်မရှိပါ။ ထို့အတွက်ကြောင့် အကြမ်းဖက်မှု ခံစားနေရသူများ သူတို့ ခံစားနေရသည်များကို သက်သာစေရန် ဆေးကုသမှုအပြင် စိတ်ဓာတ်ရေးရာအရပါ ကူညီအားပေးရန် လိုအပ်သည်။ အောက်ဖော်ပြပါ အချက်အလက်များသည် တစ်စုံတစ်ယောက် နာနာကျည်းကျည်း ခံစားနေသည်ကို သိရှိနိုင်ရန် အကူအညီပေးပါသည်။

- တချို့သူများသည် စိတ်မချမ်းသာပါ၊ ဘဝတွင်လည်း စိတ်ဝင်စားမှုနည်းပါးပါလိမ့်မည်။ တက်ကြွမှုလျော့နည်းလာသည့်အတွက် သူတို့ လုပ်ကိုင်ခဲ့သည့် အလုပ်များကိုလည်း ယခင်ကလို မစွမ်းဆောင်နိုင်ပေ။

- တချို့သူများက စိတ်ဓာတ်ရေးရာအရ ခံစားရ၍ စိတ်ဖိစီးမှုများ ရှိနေမည်။ ဥပမာ အကြောင်းမရှိဘဲ ရုတ်တရက် ချုံးပွဲချငိုခြင်း။

- တချို့သူများတွင် အိပ်စက်မှု ပြဿနာများကြုံရခြင်း၊ အိပ်ပျော်ရန်ခက်ခြဲခင်း၊ အိပ်မက်ဆိုးများကြောင့် လန့်နိုးခြင်း၊ အိပ်ရာမှအစောကြီး နိုးနေခြင်း။

- တချို့ သော သူများက ခန္ဓာကိုယ်တွင် ဝေဒနာ ခံစားနေရခြင်း၊ ယခင်ကထက်ပို၍ နေမကောင်းပိုဖြစ်ခြင်း။

- တချို့သောသူများက ထိခိုက်ဒါဏ်ရာ အတွက်အကူအညီ လာရောက်တောင်းခြံခင်း။

- တချို့သောသူများက တကယ်တမ်း မဖြစ်နိုင်သော်လည်း အကြမ်းဖက်မှု နောက်တစ်ဖန် ဖြစ်ပွားမည်ကို စိုးရှုံ့နေခြင်း။
- တချို့သူများက ရှက်ရွံ့၍ တခြားသူများက သူတို့ကို ပစ်ပယ်မည်ကို စိုးရွံ့နေခြင်း။

- တချို့သူများက မိမိကိုယ်ကို အပြစ်တင်၍ ထိုခံစားချက်များမှ ကင်းဝေးစေရန် သေကြောင်းကြံစည်ခြင်း။

- တချို့သူများတွင် မိသားစုအပါအတွင် တခြားသူများအပေါ် စိတ်ဝင်စားမှုမရှိခြင်း။ 

- စိတ်ခြောြက်ခားနေခြင်း၊ အရာရာအပေါ် စိုးရိမ်ထိတ်လန့် နေခြင်း။ တို့ဖြစ်လေ့ရှိသည်ကို တွေ့ရပါသည်။

Credit : WEAVE


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18