Print

ခေါက်ဆွဲခြောက်ရဲ့ အန္တရာယ်ကနေ ရှောင်ရှားနိုင်အောင်လိုက်နာရမယ့် အချက် ၄...

  12-Apr-2019
Preview Image

1. ခေါက်ဆွဲခြောက်ကိုစားရင် တခြားအာဟာရရှိတဲ့ အစားအစာတွေနဲ့ ရောစားပါ။
ဥပမာ- ထမင်း၊ ကြက်ဥ၊ အသား၊ ဟင်းသီးဟင်းရွက်တွေနဲ့ ရောစားပါ။

2. ခေါက်ဆွဲခြောက်ကို ရေနွေးနဲ့ဖျော်တဲ့အခါ ပထမဦးဆုံးဖျော်တဲ့အရည်တွေကို သွန်ပစ်လိုက်ပါ။ အဲဒီ အရည်တွေထဲမှာ ဖယောင်းတွေ ပါသွားမှာဖြစ်ပါတယ်။ ဖယောင်းအကုန်လုံးတော့ ပါသွားမှာ မဟုတ်ပါဘူး။ ပထမဖျော်ထားတဲ့ အရည်တွေကိုသွန်ပြီး၊ နောက်ထပ် ရေနွေးတစ်ခါပြန်ရောပြီးမှ စားပါ။

3. ခေါက်ဆွဲခြောက်အစပ်ထုပ် (တုန်ယမ်းချဉ်စပ်စတဲ့) တွေကိုလည်း မကြာခဏမစားပါနဲ့။ အဲဒီ ခေါက်ဆွဲခြောက် အစပ်ထဲက စပ်တဲ့အရာတွေဟာ တကယ့်ငရုတ်သီးတွေမဟုတ်ဘဲ တခြားစပ်တဲ့၊ ချဉ်တဲ့အရသာရှိတဲ့ အက်စစ်တစ်မျိုးမျိုးဖြစ်နေရင် အစာအိမ်တွေ၊ အူတွေကိုရောင်ရမ်း ပျက်စီးစေနိုင်ပါတယ်။ အဲဒီပစ္စည်းက ငရုတ်သီးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် တအားစပ်တဲ့ အစားအစာတွေကို မစားပါနဲ့။

4. စက္ကူဘူးနဲ့ရောင်းတဲ့ ခေါက်ဆွဲခြောက်တွေကို စားချင်ရင် စက္ကူဘူးထဲကို ရေနွေးထည့်ပြီးမစားပါနဲ့။ ခေါက်ဆွဲခြောက်ကို သတ်သတ်ပန်းကန်လုံး၊ ခွက်တစ်လုံးထဲထည့်ပြီး ရေနွေးနဲ့ဖျော်စားပါ။

Credit : ပလုတ်တုတ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။






Related Articles


Advertisment 18