Print

ရက်အနည်းငယ်အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင်လုပ်နိုင်တဲ့ နည်းလမ်းကောင်...

  11-Apr-2019
Preview Image

တကယ်လွယ်ပြီးတော့ တကယ်လည်း ကောင်းပါတယ်။ အသုံးပြုပြီးချိန်မှာ မျက်နှာတွင် သိသိသာသာ ဖြူဝင်းသွားစေမှာ ဖြစ်ပါတယ်။ ငွေကြေး အကုန်အကျသက်သာပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။

အသုံးပြုပုံကတော့

၁။ သန့်စင်သော ခွက်တစ်ခုကို ယူလိုက်ပါ။
၂။ ထိုခွက်ထဲသို့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းထည့်လိုက်ပါ။
၃။ သကြား လက်ဖက်စားဇွန်း တစ်ဇွန်းကိုလည်း ထည့်လိုက်ပါ။
၄။ သံပုရာရည် အနည်းငယ် ညစ်ထည့်ပြီး မွှေလိုက်ပါ။ သာကူကြို ပုံစံမျိုးဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။

ထို့နောက် လက်ပေါ်ကို အရင်ဦးဆုံး သုတ်လိမ်းကာ စမ်းသပ်နိုင်ပါတယ်။ တကယ်အသားဖြူပြီး ထိရောက်တယ်ဆိုမှာသာ သင်၏ မျက်နှာပေါ်သို့ လိမ်းလိုက်ပါ။ ရက်အနည်းငယ် လိမ်းရုံမျှဖြင့် မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံအဖုများ အမာရွက်များနှင့် တစ်ခြားအရာများကို သိသာထင်ရှားစွာ ပျောက်ကွယ်သွားပါလိမ့်မယ်နော်။

Credit : ကျော်လင်းနိုင် (ရိုးရာလေး)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။






Related Articles


Advertisment 18