Print

အရေပြားကို ဘရပ်ရှ်နဲ့ တိုက်ပေးသင့်တဲ့အကြောင်းရင်း

  10-Apr-2019
Preview Image

ခန္ဓာကိုယ်တစ်ခုလုံးမှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ အရေပြားဟာ အသည်း၊ ကျောက်ကပ်နဲ့ အူမတို့လိုပဲ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေဖယ်ရှားပေးပါတယ်။ အရေပြားတင်သာ မက ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက်ကောင်းကျိုးပြုတဲ့ အရေပြားကို ဘရပ်ရှ်နဲ့ပွတ်ပေးတဲ့ အလေ့အထတစ်ခုအကြောင်းမျှဝေချင်ပါတယ်။ ရှေးဟောင်းနည်းလမ်း တစ်ခုဖြစ်ပြီး ရိုးရှင်းလွယ်ကူစွာ ပြုလုပ်နိုင်တာမို့ဘယ်လို လုပ်ဆောင်တယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။ အရေပြားကို ဘရပ်ရှ်နဲ့ တိုက်ပေးခြင်းဖြင့် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်ပြန်ဖြစ်စေတာကြောင့် ချောမွေ့တင်းရင်းတဲ့ အသားအရေ ပိုင်ဆိုင်နိုင်မှာပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲကို အာဟာရဓာတ်တွေ ပိုမိုစုပ်ယူပေးနိုင်ပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ဘရပ်ရှ်နဲ့တိုက်တာကြောင့် အရေပြားကစွန့်ထုတ်လာတဲ့ အဆိပ်တွေကိုဖယ်ရှားသလိုဖြစ်ပြီး အရေပြားမှာ ကပ်ငြိနေတဲ့ ပိုးမွှားတွေကိုလည်း သန့်စင်ပေးကာ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။

  နောက်တစ်ချက်ကတော့ စိတ်ဖိစီးမှုလျော့ကျစေခြင်းပါ။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ ခန္ဓာကိုယ်အနှံ့ ဘရပ်ရှ်လေးနဲ့ ပွတ်ပေးတာက စိတ်သက်သာရာရစေပြီး ခန္ဓာကိုယ်ကိုနှိပ်နယ်ပေး သလိုမျိုးဖြစ်စေပါတယ်။ အိမ်မှာကိုယ်တိုင် လုပ်ကြည့်ဖို့အတွက် ကိုယ့်အရေပြားနဲ့ သင့်လျော်မယ့်အနေတော်အရွယ် မမာလွန်းတဲ့ဘရပ်ရှ်လေးတစ်ခု ရွေးချယ်ဖို့လိုပါမယ်။ ကျောနောက်ဘက်တွေပါ ပွတ်တိုက်နိုင်ဖို့ လက်ကိုင်ရှည်တဲ့ ဘရပ်ရှ်ဆိုရင် ပိုပြီးသင့်တော်ပါတယ်။ ရေချိုးခန်းထဲ ရေလောင်း

မချခင်မှာ ခြေထောက်ကစလို့ ခန္ဓာကိုယ်အပေါ်ပိုင်းအနှံ့ သုံးမိနစ်ကနေ ငါးမိနစ်အထိ ပွတ်တိုက်ပေးပြီးရင်တော့ ရေလောင်းချိုးနိုင်ပါတယ်။ မနက်အစောပိုင်း (ဒါမှမဟုတ်)နေ့ခင်းပိုင်းအချိန်တွေမှာ ပြုလုပ်တာ ပိုသင့်တော်ပြီး တစ်နေ့နှစ်ကြိမ်ပြုလုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ တစ်ခုသတိထားရမှာက မျက်နှာအရေပြားက နူးညံ့တာမို့ မျက်နှာကိုဘရပ်ရှ်နဲ့ပွတ် တာတော့ရှောင်ရပါမယ်။

Credit : 7day daily

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18