Print

တစ်ပတ်ကို တစ်ကြိမ်သာချစ်တင်းနှောတဲ့ စုံတွဲတွေက အပျော်ရွှင်ရဆုံးဖြစ်

  03-Apr-2019
Preview Image


ချစ်တင်းနှောတာဟာ လူအများစုကို ပျော်ရွှင်စေတယ်ဆိုပေမယ့် ဆုံးစမရှိတဲ့ ချစ်တင်းနှောခြင်းတွေကတော့ Relationship တစ်ခုကို ပျော်စရာကောင်းဖို့အတွက် မရှိမဖြစ်လိုအပ်တာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၁ဝ စုနှစ် လေးခုစာလောက် အချိန်ယူခဲ့တဲ့ လေ့လာမှု သုံးခုအရ စုံတွဲအများစုအတွက်တော့ တစ်ပတ်မှာတစ်ကြိမ်ဆိုရင် လုံလောက်ပါသတဲ့။ University of Toronto-Mississauga က သုတေသီတွေက အသက်အရွယ်၊ အိမ်ထောင်၊ရည်းစားသက်တမ်းတွေကို မကြည့်ဘဲ တစ်ပတ်မှာတစ်ကြိမ် ချစ်တင်းနှောကြတဲ့ အမျိုးသားအမျိုးသမီးတွေကို ရှာဖွေလေ့လာခဲ့ကြတာဖြစ်ပါတယ်။

လူမှုရေးစိတ်ပညာပါမောက္ခ Amy Muise က “ ကျွန်မတို့လေ့လာတွေ့ရှိချက်အရ ကိုယ်ရဲ့အဖော်နဲ့ ချစ်ခင်ကြင်နာတဲ့ ဆက်သွယ်မှုကို ထိန်းသိမ်းထားနိုင်ဖို့က အရေးကြီးတယ်ဆိုတာကို သိရပါတယ်။ ဒါပေမယ့် ဒီလိုကြင်ကြင်နာနာ ဆက်ဆံတတ်ကြတယ်ဆိုရင်တော့ နေ့စဉ်နေ့တိုင်း ချစ်တင်းနှောနေဖို့ မလိုအပ်ဘူးဆိုတာပါပဲ။ ပျော်ရွှင်မှု
အတိုင်းအတာဟာ ဒီလိုလိင်ကိစ္စနဲ့လည်း ဆက်စပ်မှုရှိပြီး ကိုယ့်အဖော်နဲ့ကိုယ်နဲ့ကြားမှာ ဘဝနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေနဲ့ စိတ်ကြေနပ်မှုတွေအားလုံးကို ဆက်သွယ်ဝေမျှကြဖို့က အဓိကသော့ချက်ပါပဲ။” လို့ ဆိုပါတယ်။

“လူတွေက တစ်ခါတစ်လေကျ ငွေကြေးပိုပြည့်စုံပြီး လိင်ကိစ္စပိုများလေ ပိုုပျော်စရာကောင်းလေလို့ ထင်နေကြတာ။ ဒါပေမယ့် ဒါဟာ တကယ့်အချက်မဟုတ်ပါဘူး။ အဓိကက ကိုယ့်ရဲ့အဖော်ဖြစ်သူနဲ့ ကြည်နူးစရာဆက်သွယ်မှုတွေရှိပြီး ဖိအားတွေ
အများကြီးမပါတဲ့ ချစ်တင်းနှောခြင်းကသာ အရေးပါတာဖြစ်ပါတယ်” လို့ သူက ရှင်းလင်းပြောကြားသွားပါတယ်။


Credit : ဖိုးသူတော်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18