Print

ကိုယ်ဝန်ဆောင်မိခင်နှင့်ကော်ဖီ

  03-Apr-2019
Preview Image


ကိုယ်ဝန်ဆောင်မိခင်များ၏ ရင်သွေးငယ်များအတွက် ကော်ဖီအလွန်သောက်သုံးသော ကိုယ်ဝန်ဆောင် မိခင်များအနေနှင့် နှလုံးခုန်နှုန်းနှင့် အစာချေဖျက်မှုကို တိုးစေပြီး အိပ်မပျော်ဖြစ်တတ်သည်။ အလားတူ မိမိလွယ်ထားရသည့် ကလေးတွင်လည်း ခံစားရစေနိုင်သည်။ မိခင်ကော်ဖီ အလွန်သောက်ခြင်းသည် လွယ်ထားရသော ကလေးအတွက် ဆိုးကျိုးဖြစ်စေသည်။ တစ်နေ့လျှင် (500mg) သောက်သော မိခင်များတွင် နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်း၊ အိပ်မပျော်ခြင်းတို့ကို ဖြစ်စေသည်။ သို့သော် လက်ဖက်ရည် သို့မဟုတ်ကော်ဖီ တစ်ခွက် နှစ်ခွက် သောက်ရုံဖြင့် ပြဿနာရှိနိုင်ပါ။

ခန္ဓာကိုယ်အတွက် အလွန်အမင်းသောက်ခြင်းဖြင့် အစာအိမ်ထဲတွင် အက်ဆစ်များပို၍ ဖြစ်ပေါ်ပြီး အစာအိမ်နှင့် ဝမ်းသွားခြင်းပြဿနာတို့ ဖြစ်စေသည်။ ထိုမျှမက ကော်ဖီအလွန်သောက်ခြင်းက ခေါင်းကိုက်စေသည်။ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကို အစာနှင့် တွဲသောက်ပါက အစာထဲမှ သံဓာတ်များကို ကဖိန်းက စုပ်ယူသွားနိုင်သဖြင့် တွဲဖက်မသောက်သင့်ပါ။ ကော်ဖီဖြတ်လိုပါက တစ်နေ့တစ်ခွက်သည် ကြီးမားသော ပြဿနာမရှိစေနိုင်သော်လည်း လုံးဝဖြတ်တောက်လိုသူများအနေနှင့် တဖြည်းဖြည်းဖြတ်တောက်သည်က ပို၍ သင့်လျော်ပါသည်။ အလွန်အမင်းသောက်နေရာမှာ ယတိပြတ်ဖြတ်တောက်မည်ဆိုလျှင် ပထမ (၁)(၂)ရက်တွင် ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ အားနည်းခြင်း၊ မူးဝေ ခြင်း၊အာရုံစူး စိုက်ရခက်ခြင်းတို့ကို ဖြစ်စေနိုင်သည်။


Ref: ဒေါန
Health Updates Journal


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18