Print

အကြမ်းဖက်မှုများကို မည်ကဲ့သို့ရင်ဆိုင်ရမည်နည်း

  01-Apr-2019
Preview Image


ကူညီမှုကို အဆင့်မျိုးစုံတွင် ပြုလုပ်နိုင်ပါသည်။ 
- သူတို့ ခံစားချက်များ ပြောပြလာသည်ကို နားထောင်ပေးခြင်း။
- သူတို့လိုအပ်သည့် သတင်းအချက်များပေးခြင်း။
- လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများ ပေးနေသည့် ဌာနများသို့ လမ်းညွှန်လွဲပြောင်းစေလွှတ်ပေးခြင်း တို့ကိုလည်း ပြုလုပ်နိုင်ပါသည်။ 

အကြမ်းဖက်ခံရသူကို ကူညီရန် အရေးကြီးပါသည်။ ထို့အပြင် အကြမ်းဖက်မှုပြုလုပ်နေ သူများကိုလည်း ကူညီရပါမည်။ လူတစ်ဦးတစ်ယောက် အကြမ်းဖက်နေလျှင် ထိုသူ့တွင် သူမဖြေရှင်းနိုင်သည့် ပြဿနာရှိနေနိုင်ပါသည်။ သူတို့အနေနှင့် သူတို့ခံစားချက်များကို မဖော်ပြနိုင်ဖြစ်ရပါသည်။ အထူူးသဖြင့် ပြဿနာဖြေရှင်းနိုင်မှု စွမ်းအားနည်းပါးခြင်းပင်ဖြစ်သည်။ စိတ်ဖိစီးမှုဒါဏ်ကို မခံနိုင်သူများလည်း ဖြစ်ကြသည်။ ပြဿနာငယ်လေးများကိုလည်း သည်းမခံနိုင်သူ။ စိတ်တိုလွယ်သူများ ဖြစ်ကြပါသည်။ သင်သည် တစ်စုံတစ်ယောက် ကြမ်းတမ်းစွာပြုမှုနေသည်ကို သိခဲ့လျှင်


- ထိုသူနှင့် စကားပြောနိုင်ဖို့ အချိန်ယူပါ။
- ထိုသူအဘယ်ကြောင့် ကြမ်းကြမ်းတမ်းတမ်း ပြုမူနေသည်ကို နားလည်အောင်ကြိုးစားပါ။
- ထိုသူသည် ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသည်ဟု ယူဆရပါက ဆေးကုသမှုရရှိရန် လမ်းညွှန်ကူညီပါ။

Ref: WEAVE


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18