Print

လည်ပင်းကျီးပေါင်းရောဂါကို သဘာဝကျကျကုသနည်း

  26-Mar-2019
Preview Image

လည်ပင်းကျီးပေါင်းရောဂါ ဖြစ်ပွားသူများအတွက် သဘာဝကျကျကုသနည်းအား ဖော်ပြလိုက်ပါသည်။
စက်ဘီးစီးခြင်း၊ ရေကူးခြင်းသည် ကျောရိုးမကြီးအတွက် မရှိမဖြစ် လိုအပ်သောအာဟာရကိုပေး စွမ်းပြီး၊ အရိုးများယိုယွင်းမှုကို နှောင့်နှေးစေသည်။ ကြက်သွန်ဖြူကို တစ်နေ့လျှင် ၂-၃ မွှာစားပေးပါ (သို့) ကြက်သွန်ဖြူ (၁ဝ) မွှာ(၆ဝဂရမ်) ကို ကြော်ပါ။ အအေးခံပြီး နာကျဉ်ကိုက်ခဲသော နေရာတစ်ဝိုက်ကိုလိမ်းပေးပြီး (၃) နာရီခန့်ထားပါ။ ထို့နောက် ရေနွေးဖြင့်ရေချိုးပါ။ အနည်းဆုံး (၁၅) ရက်လုပ်ပါ။ လည်ပင်းကျီးပေါင်း ခံစားရသူများ တစ်နေ့လျှင် (၄)ကြိမ်စားပါ။

ပေါင်မုန့်၊ ဟင်းရွက်ပြုတ်၊ နို့၊ အသုတ်စသည်တို့ကို နည်းနည်းချင်းသာစားပါ။ များများစားလျှင် ရင်မချောင်ခြင်း၊ ပျို့အန်လိုခြင်း ဖြစ်တတ်ပါသည်။ ကယ်စီယမ်၊ ဗီတာမင် ဒီ၊ ဗီတာမင် စီ၊ ဖော့စ်ဖရပ်နှင့် ပရိုတိန်းပါဝင်သော အစာများကိုစားပါ။
ယောဂလေ့ကျင့်ခန်းများကို တစ်နေ့လျှင် (၂)ကြိမ် (၅)မိနစ်မှ (၁ဝ)မိနစ်ခန့်ပြုလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ကျီးပေါင်းအတွက် အဓိကဆေးတစ်လက်ဖြစ်သည်။ သံပရာရည်ကို ဆားနှင့်ရော၍ တစ်နေ့လျှင် (၂) (၃)ကြိမ်သောက်ပါ။ Margosa သို့ neem tree များ၏ အရွက်၊ အသီးများကို နေ့စဉ် စားသုံးသည့်အလေ့အကျင့်ကို ပြု လုပ်ပေးပါ။ ရောဂါကို သက်သာစေမည်။

ဆေးရွက်ကြီး၊ စီးကရက်၊ ဆေး လိပ်သောက်ခြင်းကို ရှောင်ပါ။ ကဖင်းဓာတ်ကြွယ်ဝသော ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာများ လုံးဝမသောက်ပါနှင့်။ သကြားလုံးစားခြင်း၊ ချဉ်သောအစားအစာများ၊ အငန်ကဲသော အစားအစာများကို မစားပါနှင့်။ လတ်ဆတ်သော သစ်သီးများ၊ ကော်ဖီ၊ ခရမ်းချဉ်၊ ဆလတ်၊ မုန်လာဥဖြူ၊ သခွာသီးအစရှိသည့် ဟင်းသီးဟင်းရွက်များစားပါ။ နေ့စဉ်ရေပူနှင့် ရေချိုးသော အလေ့အကျင့်ကိုလုပ်ပါ။ လည်ပင်း ကျီးပေါင်း ကော်လာဝတ်ဆင်ရသူများအတွက် ရေပူနှင့်ရေချိုးခြင်းက အထောက်အကူဖြစ်စေသည်။ ခါးသော၊ လက်သော ဟင်းသီး ဟင်းရွက်များ၊ ဥပမာ ဒန့်သလွန်၊ ကြက်ဟင်းခါးသီး တို့ကို စားပေးပါ။ ထမင်းအစား၊ ဂျုံစေ့ဆန်ကို အစားထိုးစားပါ။ သို့သော် ဂျုံမှုန့်၊ ရွှေချီမှုန့်တို့ကို စားသုံးခြင်းရှောင်ပါ။ ရေအေးနှင့်ရေချိုးခြင်း၊ အအေး ခံခြင်းတို့ကိုရှောင်ပါ။ စာရေးစာဖတ် ရာတွင် အနေအထားမမှန်ခြင်း၊ ပြင်း ထန်သောလည်ပင်း လေ့ကျင့်ခန်းများ ကို သတိထားရှောင်ရှားပါ။ အိမ်ပြင်ထွက်သည့်အခါတိုင်း လည်ပင်းကို လည်စည်း၍သွားပါ။

Ref : Health Updates Journal

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18