Print

ဖုန်းကို အိမ်သာထဲထိ ယူသုံးခြင်းက ကူးစက်ရောဂါတွေ ရစေနိုင်

  20-Mar-2019
Preview Image

Facebook မှာ တင်ထားတဲ့ ကိုယ့် selfie လေးက အရမ်းမိုက်နေတာကြောင့် Like တွေ ဘယ်လောက်များ ရနေလဲဆိုတာ အိမ်သာတက်ရင်းတောင် စိတ်မဖြောင့်နိုင်ဘဲ ဖုန်းနဲ ့ကြည့်နေတတ်ပါသလား။ဒါဆိုရင်တော့ သင့်ရဲ့အပြုအမူက မှားနေပါပြီ။ သင့်ရဲ့ဖုန်းကို သန် ့စင်ခန်းထဲထိယူသုံးခြင်းဟာ ဆိုးရွားတဲ့ ကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

“ သင်နဲ့အတူ လူကြားသူကြားထဲ၊ လူ့ပတ်ဝန်းကျင်ထဲ ယူသွားရမယ့် ဘယ်ပစ္စည်းကိုမဆို အိမ်သာထဲထိ ယူမသွားသင့်ပါဘူး” လို့ရောဂါပိုးမွှားကျွမ်းကျင်ပညာရှင် Jason Tetro က ပြောပြပါတယ်။ ‘The Germ Code’ စာအုပ်ကို ပြုစုခဲ့သူ Tetro ဟာ မိုဘိုင်းဖုန်းကို အိမ်သာထဲထိယူသုံးလောက်ရအောင် ခေတ်မစားခင် ၂၀၀၆ ခုနှစ်ကတည်း ဒီပြဿနာကို
လေ့လာခဲ့တာဖြစ်ပါတယ်။

ထို့နောက်မှာတော့၊ မိုဘိုင်းးဖုန်းတွေဟာ လူတွေရဲ့ဘဝမှာ အရေးကြီးအစိတ်အပိုင်းတစ်ခုလိုဖြစ်လာပြီး တစ်ချိန်တည်းမှာပဲ မိုဘိုင်းဖုန်းတွေ ရောဂါပိုးမွှားတွေနဲ ့ပိုပြည့်နှက်လာတယ်လို့Tetro က ဆိုပါတယ်။“ လေထုထဲကပျံ့နှံ့နိုင်တဲ့ရောဂါပိုးတွေဖြစ်တဲ့ အီကိုလိုင် (E.coli) ၊ အစာအဆိပ်သင့်ဖြစ်စေနိုင်တဲ့ ဆယ်မွန်နဲလာပိုး (salmonella) ၊ ဝမ်းပျက်ပိုး (C.difficile) Norovirus စတဲ့ပိုးတွေ အိမ်သာထဲမှာ ရှိနေရင် ဒီပိုးတွေဟာ သင့်ရဲ့ဖုန်း ကပ်ပါလာနိုင်ပါတယ်။

ဒီနောက်မှာတော့ ကိုယ်တိုင်ရောဂါကူးစက်ခြင်း ဒါမှမဟုတ် ဒီရောဂါပိုးပါလာတဲ့ဖုန်းကို တခြားသူတစ်ယောက်က ထိကိုင်မိရင် သူ့ကိုရောဂါကူးစေနိုင်တာတွေ ဖြစ်နိုင်ပါတယ်” လက်မဆေး ဘဲ ဖုန်းကိုပြန်ကိုင်ခြင်း ဒါမှ မဟုတ် ဖုန်းကို အယ်ကိုဟောသန် ့စင်ဆေးရည်နဲ့မဆေးဘဲ သုံးခြင်း တို့က ဖုန်းမှာ ဘက်တီးရီးယားတွေ တစ်စထက်တစ်စများ
လာနိုင်တယ်လို့Tetro က ရှင်းပြပါတယ်။

တကယ်လို့ကိုယ့်ရဲ့လက်တွေတင်မကဘဲ ကိုယ်သုံးနေတဲ့ ဖုန်းတွေ၊ တက်ဘလက်တွေကိုပါ သန့်ရှင်းရေး ကောင်းကောင်းလုပ်ပေးမယ်ဆိုရင်တော့ ဒီအန္တရာယ်ကနေ စိတ်ချရတယ်လို ့သိရပါတယ်။၂၀၁၃ ခုနှစ် က UK မှာပြုလုပ်ခဲ့တဲ့လေ့လာမှု တစ်ခုအရလည်း အိမ်သာထိုင်ခုံတွေထက် စမတ်ဖုန်းတွေ၊ ကီးဘုတ်တွေနဲ့တက်ဘလက်တွေဟာ
aရာဂါပိုးတွေ ပိုပြည့်နှက်နေကြောင်း တွေ့ရှိခဲ့ရပါတယ်။


Ref:
Credit: Trend Myanmar

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18