Print

Parkinson’s Disease

  13-Mar-2019
Preview Image

Parkinson’s Disease ဆိုသည်မှာ အသက်ကြီးသောသူများတွင် တွေ့ရတတ်သော ကိုယ်လက်လှုပ်ရှားမှုများ မှုမမှန်သည့် ရောဂါတစ်ခုဖြစ်သည်။ နာတာရှည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပို၍ ဆိုးဆိုးသွားသည်။ မည်သည့်အကြောင်းကြောင့် ဖြစ်ရသည်ဆိုသည်ကိုမူ တိတိကျကျ မသိရသေးသလို လုံးဝအရှင်း ပျောက်ကင်းအောင် ကုသနိုင်သည့် နည်းလမ်းဟူ၍လည်း မပေါ်သေးပါ။ ဖြစ်ပေါ်ခံစားနေရသည့် ရောဂါလက္ခဏာများကို သက်သာေအာင် ကုသမှုသာ ပြုလုပ်နိုင်
သည်။  လူတစ်ဦး၏ ဦးနှောက်သည် ခန္ဓာကိုယ်လှုပ်ရှားမှုအတွက် အချိန်တိုင်း၊ ထိန်းချုပ်ပေးနေရသည်။ ရောဂါဝေဒနာရှင်များတွင်မူ ခန္ဓာကိုယ်ထိန်းချုပ်မှု အတွက်လိုအပ်သော ဓာတ်တစ်မျိုး ဖြစ်သည့် Dopamine ထုတ်ပေးသော Neurone နည်းပါး ပျက်စီးနေသည့်အတွက်ကြောင့် ရောဂါလက္ခဏာများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 

တွေ့ကြုံရသည့် လက္ခဏာများမှာ

- ခေါင်း၊ ခြေ၊ လက်၊ မျက်နှာ များ တုန်ခြင်း
- လှုပ်ရှားမှုများ နှေးကွေးနေခြင်း ၊(အရာဝတ္ထုတစ်ခုကို ကိုင်တွယ်ခြင်း၊ လမ်းလျှောက်ခြင်း၊ စသည့် လှုပ်ရှားမှုများတွင် အခက်အခဲဖြစ်နေတတ်ကြသူများကို မိမိပတ်ဝန်းကျင်တွင် တွေ့ဖူးပါလိမ့်မည်။) 
- ခြေလက်၊ ကိုယ်ခန္ဓာတောင့်တင်းနေခြင်း။
- ပုံမှန်လူတစ်ယောက်ကဲ့သို့ ခန္ဓာကိုယ်အနေအထား မထိန်းနိုင်ခြင်း စသည်တို့ ခံစားရနိုင်သည်။ 

ခံစားရသော ရောဂါလက္ခဏာ ဆိုးရွားမှုကို အမျိုးအစား သုံးမျိုးခွဲခြားနိုင်သည်။ 

- အတော်အသင့် (Mild)
- အရမ်းမဆိုးရွားသေး (Moderated) 
- အလွန်ဆိုးရွား (Severe) ဟူ၍ဖြစ်သည်။ 

ကုသမှုအနေဖြင့် Dopamine လျော့နည်းခြင်းကို ပြန်လည်ကောင်းမွန်အောင် Dopamine ဓါတ် ပြန်လည်ဖြည့်တင်းပေးခြင်း၊ ရှိပြီးဖြစ်သော Dopamine ဓါတ်ကို အားဖြည့်ပေးခြင်း စသောကုသမှုများဖြင့် ရောဂါဝေဒနာ သက်သာအောင် ပြုလုပ်နိုင်ပါသည်။ 

ကျန်းမာပျော်ရွှင်ကြပါစေ။
Dr. hp
Healthcare.com.mm

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18