လစဉ်ရာသီသွေးပေါ်ခြင်း
09-Mar-2019
အမျိုးသမီးတစ်ဦး၏ မျိုးဆက်ပွားအရွယ်ကာလတွင် တစ်လတစ်ကြိမ်လောက် သွေးရည်များ သားအိမ်မှ ထွက်လာပြီး
မွေးလမ်းကြောင်းမှတစ်ဆင့် ကိုယ်ခန္ဓာ အပြင်ဘတ်သို့ရောက်ရှိလာသည်။
ဤအဖြစ်ကို ရာသီသွေးပေါ်ခြင်း (သ့ို) လစဉ်သွေးဆင်းခြင်း (သို့) ဓမ္မတာပေါ်ခြင်းဟုခေါ်သည်။
၎င်းသည် ကျန်းမာသော အဖြစ်အပျက်တစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင်နိုင်ရန် ကိုယ်ခန္ဓာကို အဆင်သင့်ပြင်ဆင်ပေးသော
နည်းတစ်မျိုးဖြစ်ပါသည်။
လစဉ်ရာသီစက်ဝန်း
လစဉ်ရာသီစက်ဝန်းသည် အမျိုးသမီးတစ်ဦးနှင့် တစ်ဦးအတွက်ခြားနားသည်။
၎င်းသည် ရာသီသွေး ပေါ်ခြင်း၏ ပထမဆုံးရက်၌ စတင်သည်။ အမျိုးသမီး အများစုသည် ၂၈ ရက်တိုင်း
သွေးဆင်းသည်။ သို့သော် အချို့တို့သည် ရက် ၂ဝ တစ်ခါ (သို့) ၄၅ ရက် တစ်ခါ သွေးဆင်းတတ်ကြသည်။
သားဥအိမ်များမှ ထုတ်လုပ် သော Estrogen နှင့် Progesterone
ဟော်မုန်းများ၏ ပမာဏသည် ရာသီစက်ဝန်းအတွင်း ပြောင်းလဲလေ့ရှိသည်။ ရာသီစက်ဝန်း အစပိုင်းတွင်
သားဥအိမ်များသည် သားအိမ်အတွင်း မျက်နှာပြင် ထူထပ်လာအောင်
လုပ်ဆောင်ပေးသော Estrogen ကိုအများဆုံး ထုတ်လုပ်သည်။ ထို့ကြောင့် ထိုလ၌ အမျိုးသမီးသည်
ကိုယ်ဝန် ရှိလာပါက ကလေးကြီးထွားနိုင်ရန် ပျော့အိသောနေရာရှိလာ
လိမ့်မည်။ ရာသီစက်ဝန်း အလယ်ပိုင်း၌ သားအိမ်အတွင်း မျက်နှာပြင်အဆင်သင့် ဖြစ်သောအခါ ဥအိမ်တစ်ဘတ်မှ သားဥတစ်လုံးကြွေလာသည်။
ဤအဖြစ်ကို သားဥကြွေခြင်းဟုခေါ်သည်။
သားဥသည် သားဉ်ပြွန်မှ သားအိမ်အတွင်းသို့ ရောက်ရှိသွားသည်။ ဤအချိန်၌
အမျိုးသမီးသည် မျိုးအောင်နိုင်သူဖြစ်ပြီး ကိုယ်ဝန်ရှိလာနိုင်သည်။ အကယ်၍ ထိုအမျိုးသမီးသည်
လတ်တလော လိင်ဆက်ဆံခဲ့ပါက အမျိုးသား၏ သုတ်ပးိုသည် သားဥနှင့် ပေါင်းစပ်မိလိမ့်မည်။ ဤအဖြစစ်ကိုသန္ဓောအောင်ခြင်းဟုခေါ်ပြီး
ကိုယ်ဝန်ဆောင်ခြင်း၏ အစပိုင်းဖြစ် သည်။ ရာသီစက်ဝန်း၏ ဒုတိယပိုင်းမှနောက်လ
သွေးပေါ်သည်အထိ ကာလစပ်ကြားတွင် Progesterone လည်းထုတ်လုပ်သည်။
သားအိမ်အတွင်းမျက်နှာပြင် အလွှာကို ကိုယ်ဝန်ဆောင်ရန် အသွင်ပြုပြင်ပေးသည်။ အများအားဖြင့်
သားဥသည် သန္ဓေမအောင်သောကြောင့် သားအိမ်၏ အတွင်းလွှာကို မလိုအပ်ပါ။
သားဥအိမ်များသည် Estrogen နှင့် Progesterone ဟော်မုန်းဓါတ်များကိုမထုတ်လုပ်ပေးတော့ဘဲ
အတွင်းလွှာသည် စတင်ပျက်စီးလာသည်။ သားအိမ်အတွင်းလွှာသည်ရာသီသွေးဆင်းသောအခါ
ကိုယ်ခန္ဓာအပြင်သို့ သားဥနှင့်တကွ ထွက်ပေါ်လာသည်၊ ဤသည်မှာ လစဉ်ရာသီစက်ဝန်း နောက်တစ်ခု၏
အစပင်ဖြစ်သည်။
Ref:WEAVE
29.10.2015
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

