Print

ဓမ္မတာ ပေါ်ခါနီးတွင် ခံစားရသော ဝေဒနာ (Premenstual Syndrome (PMS))

  03-Mar-2019
Preview Image

ဆရာဝန်နှင့်အရင်ပြရန်
လက်ရှိ ခံစားနေရသော ဝေဒနာများမှာ PMS ခေါ် Premenstual Syndrome
ကြောင့် မဟုတ်ဟု ယူဆလျှင်။

မိမိဘာသာဆောင်ရွက်နိုင်သော ကိစ္စရပ်များ
အောက်ပါ နည်းလမ်းများကို မည်သည့်ဝေဒနာမှ မပေါ်ခင် ဆောင်ရွက်ကြည့်ပါ။
• သွေးထဲရှိ အချိုဓာတ် ပုံမှန်ရှိနေစဉ်ရန် အစာကို ပုံမှန်စားပါ။ ထိုသို့ မရှိပါက စိတ်လှုပ်
ရှားလာနိုင်၊ စိတ်တို လာနိုင်သည်။ ကာဗိုဟိုက်ဒရိတ် များများပါသော ဆန်၊ ဂျုံ၊ အာလူး
တို့ကို များများစားပါ။ အသီးအရွက်၊ အသီးအနှံလည်း များများစားပါ။ အချိုများသော၊ သကြားများများပါသော သရေစာများ ရှောင်ပါ။ ထမင်းတစ်နပ်ကြားဆာလာလျှင်အသီး သို့မဟုတ် ဂျုံကြမ်းဖြင့် လုပ်သော ဘီစကစ် စားပါ။
• ဆားလျော့စားပါ။ ဟင်းချက်လျှင် အပူအစပ်၊ ဟင်းခတ် အမွှေးအကြိုင် ထည့်ချက်ပါ။
• တစ်နေ့ရေ ၈ ဖန်ခွက်ခန့် သောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်လျော့ပါ။ ဓမ္မတာပေါ်ခါနီး
ရက်များတွင် အရက်ကိုလည်း ရှောင်ပါ။
• လုပ်ဆောင်ဖွယ်ရာ ရှိသည်များ မမေ့စေရန် စာရင်းတို့ထားပါ။ ဘုတ်ပေါ်တွင်
ရေးမှတ်ပါ။
• စိတ်ဖိစီးမှု မများပါစေနှင့်။ စီမံကိန်း ကြီးကြီးမားမား လုပ်ရန် စိတ်မကူးသင့်။ ခက်ခက်
ခဲခဲ စဉ်းစားပြီးမှ ချပေးရမည်။ ဆုံးဖြတ်ချက်များရှိလျှင် ရွှေ့ဆိုင်းထားပါ။
• အပြင်ထွက်၊ လမ်းလျှောက်၊ လေရှူ၊ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ပါ။ ဖြစ်နိုင်လျှင် အိပ်နေပါ။ 

ကာကွယ်ခြင်း
ဓမ္မတာလာခါနီး ပေါ်ပေါက်တတ်သော ဝေဒနာစု PMS ကို ထိန်းချုပ်ခြင်း
ယခုဖော်ပြမည့် ရေရှည်လိုက်နာ ကျင့်သုံးရမည့် နည်းများကြောင့် လက္ခဏာဝေဒနာ
အချို့ မပေါ်ပေါက်လာနိုင်သကဲ့သို့ ပေါ်နေသော လက်ကျန် လက္ခဏာများနှင့်လည်း
နေသားတကျ ဖြစ်လာ စေနိုင်ပါသည်။

(၁) သုံးလခန့် ဆက်တိုက် ဒိုင်ယာရီရေးပါ။ PMS ကို ဆိုးရွားလာစေသော အစား
အသောက်၊ အလုပ် ထဲရှိ ဖီးစီးမှု စသည့် အချက်များကို ရေးမှတ်ပါ။ နောင် ရှောင်နိုင်
ရန် ဖြစ်သည်။

(၂) ဗီတာမင် ဘီ ၆ သောက်ပါ။

(၃) နာရီဝက်ခန့်ကြာ လမ်းပြင်းပြင်း လျှောက်ပါ။ တစ်ပတ် ငါးရက်ခန့် လျှောက်ပါ (သို့မဟုတ်) ပုံမှန် ရေကူးပါ။ ယောဂကျင့်ပါ။

ယောဂလေ့ကျင့်ခန်း
ခွန်အားကို ဖြစ်စေသည်။ စိတ်ရောကိုယ်ပါ ပျောင်းနွဲ့နူးညံ့လာကာ စိတ်သက်သာ
ရာဖြစ်စေ သည်။ 

သဘာဝအစားအစာ

ဗစ်တာမင် ဘီ ကြွယ်ဝသည့် ကြက်သား၊ ငှက်ပျောသီး၊ အစေ့အနှံ စသည်တို့ကို နှစ်လ၊ သုံးလခန့် စွဲစွဲမြဲမြဲစားပါ။

Healthcare.com.mm

Ref:
ဒေါက်တာ သန်းထွဋ်
အိမ်သားသမားတော်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18