Print

စိုးရိမ်လွန်စိတ်ရောဂါ

  17-Feb-2019
Preview Image

စိုးရိမ်လွန်စိတ်ရောဂါ (Generalized Anxiety Disorder) အသွင်ဆောင်လာလျှင်မူ စိုးရိမ်စိတ်လွန်ကဲလာ၏။ ကိုယ်တိုင်မထိန်းနိုင်ဖြစ်လာ၏။ ခန္ဓာကိုယ်လက္ခဏာများ သိသိသာသာ များများစားစား ပေါ်ပေါက်လာ၏။ နေ့စဉ်ရက်ဆက်ဖြစ်နေပြီး လပေါင်းများစွာ (အနည်းဆုံး ၆ လခန့်) ခံစားနေရတတ်၏။ နေ့စဉ်ဘဝလှုပ်ရှားမှုနှင့် လုပ်ငန်းများကို ထိခိုက်လာတော့၏။ အအိပ်အစားပါပျက်လာ၏။ ဖြစ်ပေါ်နေသော လက္ခဏာများကြောင့် စိတ်ညစ်လာတော့၏။ ဆရာမျိုးစုံနှင့် ပြသော်လည်း မသက်သာသဖြင့် စိုးရိမ်စိတ်ပိုများလာ၏။ စိတ်ဓာတ်ကျလာ၏။ သက်သာရာသက်သာကြောင်း ထွက်ပေါက်တစ်ခုအနေဖြင့် အရက်နှင့် မူးယစ်ဆေးဝါးကို သုံးစွဲလာတတ်၏ ထိုအခါ ပိုဆိုးတော့၏။ ဤရောဂါအတွက် အဓိကကုထုံးမှာ စိတ်ပိုင်းဆိုင်ရာကုထုံး (Psycho therapy) ဖြစ်ပါသည်။ စိတ်ကုထုံး အမျိုးမျိုးရှိရာ အလွယ်ကူဆုံးနည်းလမ်းတစ်ခုမှာ လူနာအား မစိုးရိမ်ရန် အားပေးခြင်းနှင့် (Stress) ကို လျှော့ချနိုင်ရန် ကူညီခြင်း (Encouragement and support) လူနာသည် အထိုက်အလျောက် အတန်းပညာတတ်သူတစ်ယောက်
ဖြစ်လျှင်စိုးရိမ်စိတ်ကြောင့် ANS လှုပ်ရှားမှု သွက်လာပြီး ခန္ဓာကိုယ်မှာ ဤသို့ လက္ခဏာမျိုးစုံ ပေါ်ပေါက်လာခြင်းကို စိတ်ရှည်ရှည် ရှင်းလင်းပြောပြခြင်း (Explanation) ကိုယ်စိတ်ပါ လျှော့ချနားနေခြင်း (Relexation) ဘုရားစာရွတ်ဖတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ တရားရှုမှတ်ခြင်း (Miditation) စသည့် ဘာသာရေးလုပ်ငန်းများဖြင့် စိတ်တည်ငြိမ်အောင် လေ့ကျင့်ခြင်းနှင့် Biofeedback ခေါ် လူနာကိုယ်တိုင် မိမိ၏ စိတ်လှုပ်ရှားမှုအလိုက် မိမိ၏ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနှင့် သွေးဖိအားစသည့် ခန္ဓာကိုယ် လက္ခဏာများ ပြောင်းလဲနေမှုကို ခေတ်မီစက်ကိရိယာများ အကူအညီဖြင့် မြင်သိနိုင်သည့်ကုထုံးနည်း စနစ်တို့ ဖြစ်ပေသည်။ ဖော်ပြပါစိတ်ကုထုံးများကို အသုံးပြုလျှင် လူနာရောဆရာဝန်ပါ စိတ်ရှည်ရန်နှင့် အချိန်ပေးရန် လိုအပ်ပါသည်။ မည်သို့ဖြစ်စေ ဤကုသထုံးနည်းလမ်းများသည် ရေတိုရေရှည်အတွက် အလွန်အကျိုးရှိသော အဓိကကျသည့် ကုထုံးများဖြစ်ပါသည်။

ဆေးဝါးကုသခြင်း။ ။ စိုးရိမ်လွန်စိတ်ရောဂါအတွက် အသုံးများသော ဆေးအမျိုးအစားများမှာ စိတ်ငြိမ်ဆေးများ (Anxiolytics) နှင့် စိတ်အားမြှင့်ဆေးများ (Antidepressants) ပင်ဖြစ်၏။ Diazepam, Nitrazepam, Lorazepam,Alprazolam စသည့် ဆေးများသည် စိတ်ငြိမ်ဆေးများဖြစ်ကြသည်။ ဤဆေးများကို နှစ်ပတ်သုံးပတ်ခန့်သာ ပေးသင့်၏။ ကြာကြာပေးလျှင် စွဲသွားတတ်သည်။ လိုအပ်လျှင် Amitriptyline Imipramine, Fluoxetine စသည့် စိတ်အားမြှင့်ဆေးများကိုလည်း တွဲဖက်အသုံးပြုနိုင်သည်။ ဆိုခဲ့သည့်အတိုင်း စိုးရိမ်စိတ်နှင့် စိတ်ညစ်ခြင်း၊ စိတ်မပျော်ရွင်ခြင်းသည် တွဲနေတတ်သောကြောင့် ဖြစ်သည်။ စိတ်အားမြှင့်ဆေးများမှာမူ စွဲတတ်သည့် အာနိသင်မရှိပါ။ အာနိသင်မရှိပါ။ ၃ လ မှ ၆ လ အထိ ပေးနိုင်ပါသည်။

Ref: 
ဒေါက်တာဟန်စိန်
နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18