Print

သွေးဆုတ် သွေးလန့်ခြင်း

  07-Feb-2019
Preview Image

၁။ သွေးဆုတ်သွေးလန့်ခြင်း လက္ခဏာများရှိမရှိရှာပါ။ ဂဏှာမငြိမ်ဖြစ်ခြင်၊ ပျို့ခြင်း၊ အန်ခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် သတိလစ်ခြင်း၊ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ ခြေလက်များ အေးစက်ခြင်း။ နှုတ်ခမ်းများနှင့် ခြေသည်းလက်သည်းများ ပြာနှမ်းလာနိုင်ပြီး အသက်ရှူနှုန်းမြန်ခြင်း၊ သွေးခုန်နှုန်းမြန်ခြင်းများ ဖြစ်နိုင်ပါသည်။

၂။ လဲလျောင်းခိုင်းပါ။ လူနာ၏ အခြေအနေကို သင်သေချာမသိခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

၃။ ခန္ဓာကိုယ်ပြင်ပသို့ သွေးယိုခြင်း၊ ထွက်ခြင်းရှိမရှိ စစ်ဆေးပါ။ ရှိပါက သွေးထွက်လွန်ခြင်းကို ထိန်ချုပ်ပါ။

၄။ လူနာကို ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ အပူလွန်ခြင်းမှ ကာကွယ်ပေးပါ။

၅။ မည်သည့်စားစရာ၊ သောက်စရာမျှမပေးပါနှင့်။ အနီးစပ်ဆုံးဆေးရုံ၊ ဆေးပေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။

၆။ အနီးစပ်ဆုံးဆေးရုံ၊ ဆေးပေးခန်းသို့ပို့ပါ။

Ref:
မြန်မာနိုင်ငံကြက်ခြေနီအသင်း
၂၂.၁၀.၂၀၁၅

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18