Print

ခြေလက်ဆန့်တန်းပေးခြင်း၏ အကျိုးကျေးဇူးများ

  06-Feb-2019
Preview Image

ခြေလက်များ ဆန့်တန်းပေးခြင်းကို ရုပ်အသွင်ပြင်၊ ကွေးလွယ် ဆန့်လွယ်ရှိခြင်း၊ ကျန်းမာရေးနဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုလုံးကို တိုးတက်ကောင်းမွန်စေပါတယ်။ အရင်ဦးဆုံး စက်ဘီးစီးလေ့ကျင့်ခန်း သို့မဟုတ် တစ်နေရာတည်းမှာ ပုံသေလုပ်ရတဲ့လေ့ကျင့်
ခန်းမျိုးကဲ့သို့ ခပ်ရွရွလေ့ကျင့်ခန်းတစ်ခုခုနဲ့ သွေးပူအောင် လုပ်ပြီး အသုံးများတဲ့ ကြွက်သားတွေကို ဆွဲဆန့်ပေးပါ။ အချိန်ရပါကခပ်မြန်မြန် ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ခြင်းဖြင့် နှလုံးသွေးကြောလေ့ကျင့်ခန်း အနည်းဆုံး မိနစ် ၂၀ လုပ်ဖို့ အကြံပြုထားပါတယ်။နောက်ပြီး ဖြည်းဖြည်းလေးဖြင့် အရှိန်လျော့ အဆုံးသတ်လေ့ကျင့်ခန်း ၅ မိနစ် ၁၀ မိနစ်
လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းပြုလုပ်တဲ့အခါ အဓိက အခရာကျတဲ့ ကြွက်သားအားလုံးကို လုပ်ပေးရမှာဖြစ်ပါတယ်။

ဘာကြောင့် ခြေလက်တွေ ဆန့်ထုတ်ပေးရလဲ

- ကြွက်သားပိုကြီးပြီး ပိုမိုကောင်းမွန်စေတယ်။

- ခြေလက်ဆန့်ထုတ်ခြင်းက ကိုယ်နေဟန်ထားပြသနာတွေ ကာကွယ်ပေးပါတယ်။

- ကြွက်သားဆန့်ထုတ်မှု များလွန်းခြင်းကြောင့်ဖြစ်တဲ့ အနာတရထက် မဆန့်ထုတ်ခြင်းကြောင့် ဖြစ်တဲ့ဟာတွေ ပိုများပါတယ်။

- သာမန်ခြေလက်ဆန့်ထုတ်ခြင်းက ကိုယ်လက်လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေပါတယ်။

- ကြွက်သားတွေ ပိုမိုကောင်းမွန်စေပါတယ်။

- ခန္ဓာကိုယ် ကွေးလွယ်ဆန့်လွယ်ရှိစေပြီး နာကျင်မှုမဖြစ်အောင် ကာကွယ်ပေးကာ ကြွက်သားကြီးထွား ပိုမိုကောင်းမွန်စေပါတယ်။

- ခြေလက်ဆန့်တန်းခြင်းက အသက်ကြီးပြီးနောက်ပိုင်း ပိုမိုတက်ကြွမှုဖြစ်စေပါတယ်။ သွေးလည်ပတ်မှု၊ အသက်ရှူရိုက်မှုနဲ့ အာရုံကြောကြွက်သားစနစ်ကို တက်ကြွလန်းဆန်းစေပါတယ်။



Ref:
Credit : Trend Myanmar

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18