Print

အဆုတ်ကင်ဆာအကြောင်း သိကောင်းစရာများ

  02-Feb-2019
Preview Image

အဆုတ်ကင်ဆာရောဂါဟာ အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ဒုတိယမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အဆုတ်ကင်ဆာ ဖြစ်နိုင်တဲ့ လက္ခဏာတွေရှိလာရင်ပေါ့နေလို့ မဖြစ်တော့ပါဘူး။ အဆုတ်ကင်ဆာဆိုတာဟာ
aဆးလိပ်သောက်ခြင်း တစ်မျိုးတည်းကမဟုတ်ပဲ လေထုညစ်ညမ်းမှု နဲ့ အစာခြေစနစ်တွေကနေလည်း ဖြစ်တတ်ပါတယ်။ အဆုတ်ကင်ဆာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကတော့ -

၁။ ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်ဖို့များတယ်
ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာရောဂါ ဖြစ်ကြတာများပါတယ်။ ဆေးလိပ်သောက်တတ်သူတွေဟာ အဆုတ်ကင်ဆာဖြစ်ဖို့ ၈၇ ရာခိုင်နှုန်းသေချာနေပါတယ်။ ဒါကို သိထားဖို့ လိုအပ်ပါတယ်။

၂။ ဆေးလိပ်မသောက်တတ်ရင်လည်း အဆုတ်ကင်ဆာ ဖြစ်လာနိုင်ပါတယ်
ဆေးလိပ်သောက်တတ်သူတွေမှ မဟုတ်ပါဘူး။ ဆေးလိပ်ငွေ့ကိုပဲ ထိုင်ရှုနေရသူတွေမှာလည်း အဆုတ်ကင်ဆာ ရောဂါဖြစ်ဖို့ ၁၅ ရာခိုင်နှုန်း ဖြစ်နိုင်ချေရှိနေပါတယ်။

၃။ အဆုတ်ကင်ဆာ ၂ မျိုးရှိတယ်
၈ဝ ရာခိုင်နှုန်းခန့်အဖြစ်များတဲ့ အဆုတ်ကင်ဆာကတော့ Non-Small Cell Type ပါ။ ဒီအခြေအနေကတော့ ရောဂါ ကြီးထွားမှု နှေးသလို ပျံ့နှံ့ ခြင်းလည်းမရှိပါဘူး။ နောက်တစ်မျိုးကတော့ Small Cell Carcinoma ပါ။ ဒီရောဂါကတော့ တစ်ကိုယ်လုံးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လျင်မြန်စွာ ပျံ့နှံ့ သွားစေနိုင်ပါတယ်။

၄။ အဆုတ်ကင်ဆာ ရဲ့ လက္ခဏာမျာ

အမျိူးသားတွေရော အမျိုးသမီးတွေရော အဆုတ်ကင်ဆာရောဂါရဲ့ လက္ခဏာတွေကို သိထားဖို့လိုအပ်ပါတယ်။ အသိသားဆုံး လက္ခဏာ ကတော့ ပုံမှန် ချောင်းဆိုးတာပါ။ ပြီးရင် အသက်ရှု မဝတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန် ကျသွားတယ်ဆိုရင် လည်း အန္တရာယ်ရှိပါတယ်။ ချောင်းဆိုးရင် သွေးပါနေပြီဆိုရင်တော့ ဆေးရုံမှာ အထူးကုဆရာဝန် တစ်ယောက်ယောက်ရဲ့ လမ်းညွှန်မှုကို အမြန်ဆုံးရယူဖို့ လိုပါလိမ့်မယ်။

Ref:
Mario
thithtoolwin.com
Sunday.October18.2015
Source : 
MenXp

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။






Related Articles


Advertisment 18