Print

Traveler's diarrhoea (ခရီးသွားနေသူများတွင် ဖြစ်တတ်သော ဝမ်းပျက်ဝမ်းလျှေ...

  30-Jan-2019
Preview Image

အကျဉ်းရှင်းလင်းချက်


Traveler's diarrhoea (ခရီးသွားနေသူများတွင် ဖြစ်တတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ) သည် မသန့်သော အစားအစာများ စားသုံးမိခြင်း၊ မသန့်သော ရေများသောက်သုံးမိခြင်းကြောင့်  အစာအိမ်နှင့် အူလမ်းကြောင်းတွင်ဖြစ်တတ်သော ရောဂါဖြစ်သည်။ စိုးရိမ်ရသည့် ရောဂါအခြေအနေ မဟုတ်ပေမယ့် အများအားဖြင့် ဗိုက်နာခြင်းနှင့် ဝမ်းအရည်များသွားခြင်း စသည့်လက္ခဏာများဖြင့်  တွေ့ရတတ်သည် ။

 

လက္ခဏာများ

၁။ တစ်ရက်အတွင်း သုံးကြိမ်နှင့်အထက် ဝမ်းအရည်များသွားခြင်း

၂။ အလျင်စလို ဝမ်းသွားချင်ခြင်း

၃။ ဗိုက်နာခြင်း

၄။ ပျို့ခြင်း အန်ခြင်း

၅။ ကိုယ်ပူခြင်း

 

ဖြစ်ပွားရသော အကြောင်းရင်းများ

- ခရီးသွားလေ့ရှိပြီး ထိုဒေသရှိ အစားအစာများ ၊ ရောဂါဖြစ်စေသော ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများ ရှိနေသော မသန့်သော အစားစာများ စားသုံးမိခြင်းကြောင့် ဖြစ်လေ့ရှိသည်။

- အများစုမှာ enterotoxigenic Escherichia coli (ETEC) bacteria အမည်ရှိ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တတ်သည်။ ထိုပိုးသည် အူလမ်းကြောင်းနံရံများတွင် ကပ်တွယ်နေပြီး အဆိပ်ထုတ်ခြင်းဖြင့် ဗိုက်နာခြင်း ဝမ်းလျှောခြင်းကို ဖြစ်စေသည်။

 

ဖြစ်နိုင်ချေများသူများ

၁။ အသက်ငယ်ရွယ်သူများ

၂။ ခုခံအားနည်းသူများ

၃။ ဆီးချိုရှိသူများ၊ အူရောင်ရောဂါရှိသူများ၊ အသည်းခြောက် ရောဂါရှိသူများ

၄။ အစာအိမ်ရောဂါအတွက် ဆေးသောက်နေသူများ

၅။ ခရီးသွားသူများ

 

နောက်ဆက်တွဲ ပြဿနာများ

ဝမ်းသွားသည့် အကြိမ်အရေအတွက်ပေါ်မူတည်ပြီး ခန္ဓာကိုယ်မှ ရေဓာတ် သက်စောင့်ဓာတ်များ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်။ ထိုဓာတ်များ ဆုံးရှုံမှုများလာလျှင် သွေးပေါင်ချိန် ရုတ်တရက်ထိုးကျခြင်း ခန္ဓာကိုယ် အစိတ်အပိုင်းများ ပျက်စီးခြင်း၊ သတိလစ်ခြင်း စသည့် စိုးရိမ်ဖွယ်ရာ

-ရောဂါအခြေအနေ ပိုဆိုးလာသည့် ရောဂါလက္ခဏာများဖြစ်သော ဆက်တိုက်အန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ကိုယ်ပူချိန် 102 F (39 C) နှင့် အထက် တက်လာခြင်း ၊ ရေဓာတ်နှင့် သက်စောင့်ဓာတ်များ ဆုံးရှုံးမှုကြောင့် အာခေါင်ခြောက်ခြင်း၊ ရေငတ်ခြင်း၊ ဆီးနည်းသွားခြင်း၊ ဆီးလုံးဝမသွားခြင်း၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း စသည့် လက္ခဏာများ ပေါ်ပေါက်လာပါက ဆရာဝန်နှင့် သွားရောက်ပြသပြီး ကုသမှုခံယူသင့်သည်။

 

ကုသခြင်း

- ဝမ်းလျှောလျှင် ဓာတ်ဆားရည် သောက်ခြင်းသည် ရေဓာတ်နှင့် သက်စောင့်ဓာတ် ဆုံးရှုံးမှုကို အထောက် အကူပြုသည်။ အခြား ရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် တိုင်ပင်ကုသသင့်သည်။

 

ကာကွယ်ခြင်း

သင် ခရီးသွားနေစဉ်

၁။ လမ်းဘေးဆိုင်မှ အစားများ မစားပါနှင့်

၂။ ရေခဲမုန့် အပါအဝင် နို့နှင့်နို့ထွက်ပစ္စည်းများ ရှောင်ကြဉ်ပါ

၃။ အသားစိမ်း ငါးစိမ်းများ မစားသုံးရ

၄။ ပိုးသန့်ထားသော ရေသန့်မဟုတ်သော ရေများ ရေခဲများ ရှောင်ကြည်ပါ

၅။ ရေသန့်မဟုတ်သော ရေများနှင့် ထိတွေ့ထားသော အစားအစားများ စားသုံးခြင်းမှ ရှောင်ကြည်ပါ

၆။ သွားတိုက်ရာတွင် ရေသန့်ဘူးမှ ရေဖြင့်သာတိုက်ပါ

 

 အခြားသိသင့်သော အချက်များ

- အစားမစားခင် လက်သေချာဆေးပါ

- အစားထည့်မည့် ပန်းကန်များအား စင်ကြယ်စွာဆေးကြောပြီး အခြောက်ခံထားပါ

 

Ref: Mayo clinic

Translated by Dr. Pearl ( 7887 Healthcare Call Center )

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18