Print

အဆီပြန်တဲ့ အသားအရေ

  29-Jan-2019
Preview Image

အဆီပြန်တဲ့ အသားအရေကတော့ သူ့ရဲ့ မူလအခြေခံအသားအရေမှာကို သိသာစေပါတယ်။ မျက်နှာသန့်စင်ပြီးစ အချိန်မျိုးမှာတောင် မျက်နှာပြင်မှာ အဆီအနည်းငယ် ရှိနေတယ်လို့ ခံစားရနိုင်ပါတယ်။ နေ့လယ်လောက်မှာဆိုရင်တော့ အဆီဟာ နည်းနည်းပိုများလာတယ်လို့ ခံစားရပြီး နေ့လယ်ကျော်သွားတဲ့နောက်ပိုင်းမှာတော့ အဆီတွေဟာ ပိုမိုများပြားလာပါပြီ။ အဆီပြန်တဲ့ အသားအရေဟာခြောက်သွေ့တဲ့အသား အရေလိုမျိုး ထိခိုက်လွယ်မှုမျိုးတော့ ကြုံရခဲပါတယ်။ သို့သော်လည်း ဝက်ခြံနဲ့အဖုများကိုတော့ ဖြစ်ပေါ်စေနိုင်ပါတယ်။

အဆီပြန်တဲ့အသားအရေအတွက် ထိန်းသိမ်း စောင့်ရှောက်မှု
အဆီပြန်တဲ့ အသားအရေအတွက် Skin Care Product တွေဟာ လွယ်လွယ်ကူကူ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ သို့သော်လည်း ဒီ Product ဟာ သင့်ရဲ့ အဆီတွေကို ဘယ်အတိုင်း အတာအထိ ထိန်းချုပ်ဟန့်တားနိုင်မလဲဆိုတာကတော့ စိန်ခေါ်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။

အဆီပြန်တဲ့ အသားအရေကို ထိန်းသိမ်းရမယ့် နည်းလမ်းကတော့

- အဆီပြန်တဲ့ အသားအရေ Oily Skin ဒါမှမဟုတ် ဝက်ခြံရှိသူများအတွက် Acne လို့ စာသားပါရှိတဲ့ Cleanser နဲ့ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သန့်စင်ပေးပါလို့ အရေပြားဆိုင်ရာ ပညာရှင်များက ဆိုထားပါတယ်။ မျက်နှာသန့်စင် ဆေးကို အသုံးပြုချိန်မှာ သင့်လက်ချောင်းလေးတွေကို အသုံးပြုပြီး စက္ကန့် ၃ဝ ခန့် ပွတ်သပ်နှိပ်နယ်ပေးပါ။ ပြီးမှ ရေဆေးချလိုက်ပါ။

- အရက်ပြန်ပါဝင်မှုမရှိဘဲ Salicylic acid ပါဝင်တဲ့Product မျိုးကို ရွေးချယ်ပါ။ Salicylic Acid က သင့်မျက်နှာပြင်ဧရိယာမှာရှိတဲ့ အဆီများကို လျော့ပါးသက်သာစေ မှာပါ။ Salicylic Acid ပါဝင်တဲ့ Product မျိုးကို အသုံးပြုပြီး မျက်နှာသန့်စင်မယ်
ဆိုရင်တော့ တစ်ပတ်ကို နှစ်ကြိမ် (သို့) သုံးကြိမ်ခန့်သာ ပြုလုပ်ပေးပါ။

- ခြောက်သွေ့အသားအရေပိုင်ရှင်တွေအတွက် အကျိုးပြုတယ်လို့ ဆိုထားတဲ့ Retinol Product တွေဟာ အဆီပြန်တဲ့ အသားအရေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ Retinol ဟာ အရေပြားမှာ ထွက်ရှိလာတဲ့ အဆီများထွက်ရှိမှု လျော့ချပေးပါတယ်။ အဲဒီလိုလျော့ချပေးတဲ့အတွက် ကြီးမားတဲ့ဝက်ခြံဖုကြီးများထွက်ရှိမှုကို တားဆီးကာကွယ်ပေးပြီးသား ဖြစ်သွားပါတယ်။ Retinol က အရေပြားကို အရွယ်တင်နုပျိုစေရုံသာမက အရေပြားနီရဲရောင်ရမ်းခြင်းများကို လျော့နည်းစေပါတယ်။ အသုံးပြုမယ့် အစိုဓာတ်ထိန်းခရင်မ်ကိုတော့ Oil-fee SPF 30 ဆိုတာမျိုးကို အသုံးပြုပါ။

Ref:
အေမီချို

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18