Print

Tetralogy of Fallot

  26-Jan-2019
Preview Image

 

မွေးရာပါ နှလုံးရောဂါ တစ်မျိုး ဖြစ်သည်။

၁။ နှလုံးမှ အဆုတ်သို့သွားရာ အဆို့ရှင် ကျဉ်းမြောင်းခြင်း၊

၂။ Aorta သွေးကြောမကြီး ပုံမှန်မဟုတ်သည့်နေရာမှာ တည်ရှိနေခြင်း၊

၃။ ဘယ်ဘက်နှလုံးကြွက်သား ကြီးခြင်း၊

၄။ နှလုံးဘယ်ဘက်နှင့် ညာဘက်ခြမ်း ခြားနားထားသောအကန့် ပုံမှန်အတိုင်း ဖြစ်ပေါ်မလာခြင်းတို့ကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သည့် အောက်စီဂျင် ပြည့်ဝစွာမရရှိခြင်းစသော ရောဂါလက္ခဏာများ ဖြစ်ပေါ်ခံစားရနိုင်ပါသည်။

 

လက္ခဏာများ

- ပြာနှမ်းခြင်း

- အသက်ရှူမဝခြင်း၊ အသက်ရှူ မြန်လာခြင်း၊ အထူးသဖြင့် အစာစားနေစဉ်နှင့် ကစားစဉ်     ပို၍ဖြစ်ပေါ်နိုင်သည်။

- သတိလစ်ခြင်း

- လက်သည်း၊ခြေသည်းများ ခုံးလာခြင်း

- ကိုယ်အလေးချိန် ဖွံ့ဖြိုးမှုလျော့နည်းခြင်း

- ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ဆိုးလွယ်ခြင်း

- နှလုံးခုန်သံအပို ကြားရခြင်း

 

Blue or Tet spell (ရုတ်တရက် ဆိုးရွားစွာ ပြာလာခြင်း) - ၎င်းနှလုံးရောဂါ ရှိသောကလေးများသည် ပြာနေတတ်သော်လည်း ငိုလိုက်လျှင်၊ နို့စို့လိုက်လျှင်၊  ပြင်းပြင်းထန်ထန် ပြုလုပ်လိုက်လျှင် အောက်စီဂျင် နည်းသွားသည့်အတွက် ပို၍ပြာနှမ်းလာတတ်ကြသည်။ ထိုအခြေအနေကိုအသက် ၂ လမှ ၄ လကလေးများနှင့် လမ်းလျှောက်တတ်သည့် အရွယ်ကလေးများတွင် ပို၍တွေ့ရတတ်သည်။ ထိုအခြေအနေမျိုးတွင် ကလေးသည် ပို၍မောလာသည့်အတွက် ကစားရင်း ဆောင့်ကြောင့်ထိုင်လိုက်သော အခြေအနေမျိုး တွေ့ရနိုင်သည်။ ထိုအနေအထားသည် သွေးလည်ပတ်မှုနှင့် အောက်စီဂျင်ပမာဏကို သွေးတွင်းတွင် ပို၍များစေနိုင်ပါသည်။

 

ဖြစ်ပွားရသောအကြောင်းရင်းများ

မိခင်ဗိုက်ထဲတွင် ကလေးရှိနေစဉ် နှလုံးဖွံ့ဖြိုးနေသည့်အချိန်၌ ကိုယ်ဝန်ဆောင်မိခင်မှာ အစာအာဟာရ ပြည့်ဝအောင် မစားခြင်း၊ ကလေးဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေမည့် ဗိုင်းရပ်စ်ပိုး ဝင်ရောက်ခြင်း၊ မွေးရာပါမျိုးရိုးဗီဇ ချို့တဲ့မှုတို့ကြောင့် ဖြစ်ပွားနိုင်သည်။ သို့သော် အတော်များများ ရောဂါသည်များတွင် ဖြစ်စေသောအကြောင်းရင်းကို အတိအကျ ရှာဖွေ၍မရပါ။

 

ဖြစ်နိုင်ချေများသူများ

-ကိုယ်ဝန်ဆောင်စဉ် ဗိုင်းရပ်စ်ရောဂါပိုး ဝင်ရောက်ခံရသူများ ဥပမာ - ဂျိုက်သိုး။

-ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်း

-ကိုယ်ဝန်ဆောင်စဉ် အာဟာရချို့တဲ့ခြင်း

-အသက် ၄၀ ကျော် ကိုယ်ဝန်ဆောင် အမျိုးသမီးများ

-မိဘမျိုးရိုးထဲတွင် ၎င်းနှလုံးရောဂါရှိခြင်း

-ကလေးတွင် Down syndrome ရောဂါပါခြင်း။

 

နောက်ဆက်တွဲပြဿနာများ

Infective endocarditis  (နှလုံးပိုးဝင်ခြင်း)

ကလေးမဖ့ွံဖြိုးခြင်း

မကုသဘဲထားပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်ပေါ်နိုင်သည်။

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

-အသက်ရှူရ ခက်ခဲခြင်း

-ပြာနှမ်းခြင်း

-တက်ခြင်း

-ပုံမှန်နှင့်မတူဘဲ ဂျီကျခြင်း

 

စစ်ဆေးမှုများ

-ကလေးမွေးပြီးသောအခါ ဆရာဝန်မှ ရောဂါပါမပါ စစ်ဆေးခြင်း

-Echocardiography- နှလုံးပုံရိပ်ဖမ်း၍ စစ်ဆေးခြင်း

-Electrocardiogram- နှလုံးစက်ဆွဲခြင်း

-Chest X-ray- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း

-Cardiac catheterization- နှလုံးတွင်းသို့ ပိုက်ထည့်ပြီး စမ်းသပ်ခြင်း

-Pulse oxymetry- အောက်စီဂျင်ပမာဏ တိုင်းတာခြင်း

 

ကုသခြင်း

ခွဲစိတ်ခြင်းနည်းသည် ကုသပျောက်ကင်းဖို့ရာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ကလေးအသက် မည်သည့်အချိန်တွင် ခွဲစိတ်ရမည်ကို ဆရာဝန်မှ ကလေး၏အခြေအနေပေါ်မူတည်၍ ဆုံးဖြတ်ပါလိမ့်မည်။

 

ကာကွယ်ခြင်း

ကလေးငယ်အား ရောဂါပိုး မဝင်ရောက်စေရန် ဂရုစိုက်ရမည်။

 

Dr.hp

Ref: Mayo clinic

Checked by PTA

 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 



Related Articles


Advertisment 18