Print

အပင်မှရရှိသော ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးကလေးများ

  23-Jan-2019
Preview Image

ရှားစောင်းလက်ပပ်

(က) ရှားစောင်းလက်ပပ်ပင်၏ ဂျယ်လီ (အနှစ်) ထဲတွင် ပါဝင်သော အောက်ဆီဂျင်ဓာတ်တစ်မျိုးက အရေပြားပေါ်ရှိ ဆဲလ်များကို အလိုလိုပြုပြင်ပေးနိုင်စွမ်းရှိတာကြောင့် မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင်ဒဏ်ရာတို့ကို ကောင်းစွာကုသပေးနိုင်ပါတယ်။ သို့သော် ခွဲစိတ်အနာ ချုပ်ရိုးများကိုတော့ အနာကောင်းစွာ မကျက်သေးခင်မှာ မလိမ်းသင့်ပါဘူး။ အနာကျက်နှေးသွားစေပါတယ်။

(ခ) အပင်၏ Enzymes များထဲတွင် ဝမ်းသက်စေသော အစွမ်းသတ္တိပါရှိခြင်းကြောင့် အူမကြီးနံရံရှိ အချွဲအကျိများကို တိုးပွားစေကာ အူကိုသန့်စင်စေပြီး ဝမ်းမချုပ်စေပါဘူး။ သို့သော် အပင်ကို အခြောက်ထား၍ ဝမ်းပျော့ဆေးအဖြစ် အမြဲစားသုံးလျှင်တော့ အကျင့်ပါသွားတတ်ပါတယ်။

Ref:
တင်ထက်ထက်ဇော်
The Mirror Daily

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18