Print

ဝမ်းဗိုက်ထဲမှာ အစာမရှိချိန် ကြက်သွန်ဖြူစားပါ

  18-Jan-2019
Preview Image


ကြက်သွန်ဖြူဟာ ရောဂါအတော်များများအတွက် ကောင်းမွန်သော သဘာဝအစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဒီအထဲကမှ မနက်အိပ်ယာထ ဝမ်းဗိုက်ထဲမှာ အစာမရှိတဲ့ အချိန်မှာ ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။ လေ့လာမူများ၏ အဆိုအရ အဲလို မနက်ခင်း အိပ်ယာထတဲ့အခါမှာ စားခြင်းဟာ ပိုမိုပြီးဆေးစွမ်းထက်တယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝမ်းထဲမှာ အစာမရှိတဲ့အခါမှာ မကောင်းတဲ့ဗက်တီးရီးယား ပိုးမွှားများကိုအလွယ်တကူ တိုက်ခိုက်ဖယ်ရှားပေးနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါတွေကို ကြက်သွန်ဖြူက ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခုခံအားကျဆင်းမူ ရောဂါများ၊ အာရုံကြောနဲ့ ပက်သက်သောရောဂါများ၊ အသည်း၊ ဆီးအိမ် စတာတွေအပြင်သွေးလည်ပတ်မူကိုလည်း ကြက်သွန်ဖြူက ကောင်းမွန်စေနိုင်ပါတယ်။ အစာအိမ် အချဉ်ပေါက်ခြင်းကြောင့် စိတ်ပူသူတွေအတွက်လည်း ကြက်သွန်ဖြူက အကောင်းဆုံး ကုသပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နေ့စဉ် ကြက်သွန်ဖြူကို စားပေးခြင်းဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေမှာဖြစ်ပြီး စားသင့်တဲ့ ပမာဏကတော့ အတိအကျ မလိုအပ်ပါဘူး။

Ref:
ကျော်လင်းနိုင်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18