Print

စိတ္တဇလက္ခဏာများ

  17-Jan-2019
Preview Image


စိတ္တဇလက္ခဏာများသည် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကို အသုံးပြုသည့်အခါ ပိုမိုတွေ့ရလေ့ရှိသည်။ စိတ်ကြွဆေးများ သုံးစွဲသူများတွင် စိတ်ဝေဒနာလက္ခဏာများ ပေါ်ပေါက်မည်ဟု မျော်လင့်ရသည်။ သို့သော်လည်း စိတ္တဇလက္ခဏာများတွေ့ကြုံသည့်အခါ စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကို အသးုံပြသူအများစုတွင် စိတ်ဝေဒနာ (စိတ္တဇရောဂါ) ရှိနေလိမ့်မည်ဟု မသတ်မှတ်နိုင်ပါ။အဓိက နားလည်ထားရမည်မှာ ဓါတုဆေးဝါးများသည်သုံးစွဲသူ၌ စိတ်အခြေအနေကို ပြောင်းလဲစေနိုင်ခြင်းပင်ဖြစ်သည်။ စိတ်အခြေအနေကို အမူအရာ၊ စကားပြောဆိုပုံ၊ တွေးခေါ်ဆင်ခင်ပုံ၊ အယူအဆနှင့် အမှတ်ဉာဏ်တို့မှ ဆန်းစစ်နိုင်ပါသည်။ စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများသည် အထက်ပါ စိတ်အခြေအနေကို အမျိုးမျိုး ပြောင်းလဲစေနိုင်ပါသည်။ အသုံးပြုသည့်အဆင့် (ရေရှည်သုံးစွဲသူ၊ ဆေးဖြတ်နေသူ၊ ဆေးအဆိပ်သင့် နေသူ အစရှိသည်ဖြင့်) အပေါ်မူတည်၍လည်း စိတ်အခြေအနေကို ပြောင်းလဲစေပါသည်။

Ref:
WEAVE
စွမ်းဆောင်နိုင်မှု မြင့်မားရေးအတွက် အမျိုးသမီးများအား ပညာပေးရေးအဖွဲ့
၂၃.၁၀.၂၀၁၅


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18