Print

Restless Leg Syndrome (ခြေထောက်လှုပ်ခြင်း)

  30-Dec-2018
Preview Image


Restless Leg Syndrome မှာ ခြေထောက် သက်တောင့်သက်သာမရှိသောကြောင့် အလိုအလျောက် ခြေထောက်လှုပ်နေလိုသော ရောဂါဖြစ်သည်။ ညနေခင်းနှင့် ညအချိန်များ၊ ထိုင်နေချိန်နှင့် လှဲနေချိန်တို့တွင် အဖြစ်များသည်။ မည်သည့် အသက်အရွယ်တွင်မဆိုဖြစ်နိုင်ပြီး အသက်ကြီးလာသူများတွင် ပို၍အဖြစ်များသည်။

လက္ခဏာများ

ခြေထောက်တွင် ကြွက်သားများ တွားတက်နေသကဲ့သို့၊ ဆွဲခံနေရသကဲ့သို့၊ ဓားဖြင့် ထိုးခံရသကဲ့သို့၊ ကိုက်ခြင်း၊ ယားယံခြင်း စသောလက္ခဏာများကို ခြေထောက်တွင် ခံစားရတတ်သည်။ အများအားဖြင့် ခြေထောက်နှစ်ဖက်လုံးတွင် အဖြစ်များသည်။

အချိန်ကြာမြင့်စွာ ထိုင်ချိန်၊ လှဲလျောင်းချိန်များတွင် အဖြစ်များသည်။

အကြောဆန့်ခြင်း၊ လမ်းလျှောက်ခြင်းတို့ကဲ့သို့သော ခြေထောက်လှုပ်ရှားမှုများ ပြုလုပ်လိုက်ပါက သက်တောင့်သက်သာရှိသွားသည်ဟု ခံစားရသည်။

လက္ခဏာများမှာ ညနေပိုင်းတွင် ပို၍ အဖြစ်များသည်။

ညအိပ်ချိန်တွင် ခြေထောက်များလှုပ်ရှားမှု (Periodic limb movement) နှင့် ဆက်စပ်မှုရှိသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

ဖြစ်ပွားရသော အကြောင်းရင်းကို သေချာစွာ မသိရသေးပေ။

အများအားဖြင့် မျိုးရိုးဗီဇနှင့် ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းပြောင်းလဲခြင်းတို့နှင့် သက်ဆိုင်သည်ဟု ယူဆကြသည်။

 

အဖြစ်များသူများ

အသက်အရွယ်အရွေးတွင် ဖြစ်ပွားနိုင်သည်။ အသက်ကြီးလာသည်နှင့်အမျှ ပို၍ ဖြစ်နိုင်ချေများသည်။

အမျိုးသမီးများတွင် ပို၍ အဖြစ်များသည်။

ခြေလက်များတွင် အာရုံကြောအားနည်းခြင်း၊ သံဓာတ်ချို့တဲ့ခြင်း၊ ကျောက်ကပ်မကောင်းခြင်းတို့နှင့် ဆက်စပ်မှုရှိသည်ဟု ယူဆကြသည်။

 

နောက်ဆက်တွဲ ပြဿနာများ

ရောဂါ၏ နောက်ဆက်တွဲ အနေဖြင့် အိပ်ပျက်ခြင်း၊ အိပ်မပျော်ခြင်းတို့ကြောင့် ကြုံတွေ့ရနိုင်သည်။ ထို့ကြောင့် နေ့ဘက်တွင် အလွန်အကျွံအိပ်ငိုက်ခြင်း ဖြစ်ပွားနိုင်သည်။

 

စစ်ဆေးမှုများ

ဆရာဝန်နှင့်တိုင်ပင်ကာ ရောဂါလက္ခဏာများကို ရှာဖွေခြင်း၊ အာရုံကြောဆိုင်ရာ စမ်းသပ်မှုများပြုလုပ်ခြင်း တို့ကို ပြုလုပ်နိုင်သည်။

 

ကုသခြင်း

ဖြစ်ပွားရသော အကြောင်းရင်းများကို ကုသခြင်း၊ လိုအပ်ပါက သံဓာတ်အားဖြည့်ဆေးများပေးခြင်း တို့ကို ပြုလုပ်နိုင်သည်။

 

လိုအပ်ပါက

ဦးနှောက်အတွင်း Dopamine ဓာတ်များစေသော ဆေးများ

Calcium Channel ကို သက်ရောက်စေသော ဆေးများ

Opioids ဆေးများ

Muscle Relaxants နှင့် အိပ်ဆေးများပေးခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

 

အိမ်တွင်းကုထုံးများ

ခြေထောက် ညောင်းကိုက်ခြင်း၊ နာကျင်ခြင်းသက်သာစေရန်

ရေနွေးဖြင့် ရေချိုးခြင်း

ခြေထောက်များကို နှိပ်နယ်ပေးခြင်း

နာကျင်သောနေရာသို့ ရေနွေးဖတ်၊ ရေအေးဖတ်များ ကပ်ပေးခြင်း

တရားထိုင်ခြင်း၊ ယောဂပြုလုပ်ခြင်း

အချိန်မှန်အိပ်ခြင်၊ အချိန်မှန်ထခြင်း

သင့်တော်သော လေ့ကျင့်ခန်းလုပ်ခြင်း

ကဖင်းဓာတ်ပါသော ကော်ဖီ၊ ချောကလက်၊ အချိုရည်များကို ရှောင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

 

Lei

Healthcare.com.mm

Ref; Mayo Clinic

 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18