Print

ဖခင်တွေ ကလေးငယ်ကို ပုံပြင်ဖတ်ပြခြင်းဟာ ထိုကလေးငယ်တွေကို ဘာသာစကား ထူးချ...

  22-Dec-2018
Preview Image

ဖခင်တွေအနေနဲ့ သူတို့ရဲ့ ကလေးငယ်တွေကို ညဘက်မှာ အိပ်ယာဝင်ပုံပြင်တွေ ပြောပြခြင်းဟာ ကလေးငယ်တွေကို ဘာသာစကားပိုင်းမှာ ထူးချွန်လာစေနိုင်တယ်လို့ သုတေသနတစ်ခုက ဖော်ပြလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Harvard တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရတော့ ကလေးငယ်တွေရဲ့ ဘာသာစကားထူးချွန်မှုဟာ မိဘတွေရဲ့ ပုံပြင်ပြောပြမှု အပေါ်မှာ မူတည်နေသလို ကလေးငယ်တွေဟာ အမျိုးသမီးတွေ ပုံပြင်ပြောပြတာထက် အမျိုးသားတွေ ပုံပြင်ပြောပြတဲ့အခါမှာ ပိုပြီး ကောင်းကျိုးတွေရှိနေတာကို ထိုသုတေသနက တွေ့ရှိခဲ့ကြပါတယ်။

ဒါကြောင့် မိခင်တွေထက် ဖခင်တွေဟာ ကလေးငယ်တွေကို ပုံပြင်ပြောပြဖို့ ပိုမိုသင့်တော်နေတာပါ။ ထိုလေ့လာမှု ကို ဦးဆောင်ခဲ့တဲ့ Elisabeth Duursma ဆိုသူက "သက်ရောက်မှုက ကြီးမားပါတယ်။ ဖခင်တွေအနေနဲ့ အသက်၂နှစ် အောက်ကလေးငယ်တွေကို စာဖတ်ပြသင့်ပါတယ်။ စာဖတ်ပြတာဟာ အမျိုးသမီးတွေ အလုပ်လို့ထင်မှတ်ရပေမယ့်လည်း ကလေးတွေကိတော့ သူတို့ရဲ့ဖခင်တွေစာဖတ်ပြတဲ့အခါမှာ ပိုပြီး သဘောကျကြပါတယ်" လို့ဆိုပါတယ်။

သူမရဲ့ ပြောကြားချက်အရတော့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေဟာ ကလေးငယ်တွေကို ချဉ်းကပ်ပုံခြင်း မတူကြပါဘူး။ မိခင်တွေဟာ ဆရာမတွေနဲ့တူပါတယ်။မိခင်တွေဘက်က ကလေးငယ်တွေကို မေးခွန်းထုတ်တဲ့အခါမှာ "ပန်းသီးဘယ်နှစ်လုံးမြင်ရသလဲ" ဆိုတဲ့ ရိုးရှင်းသော မေးခွန်းတွေကိုသာ ကလေးငယ်တွေကို ပြောနိုင်စွမ်းရှိကြပါတယ်။ ဖခင်တွေကတော့ ပိုပြီးအနုပညာဆန်တဲ့ မေးခွန်းတွေကို မေးနိုင်စွမ်းရှိတာကိုတွေ့ရတယ်လို့ သူမက ဆိုထားပါတယ်။ ထို ကောင်းကျိုးတွေရှိနေပါလျက်နဲ့ ဗြိတိန်နိုင်ငံက သုတေသန တစ်ခုက ဖော်ပြခဲ့တာက မိဘ ၄ ယောက်မှာ ၁ ယောက်ခန့်ကပဲ ကလေးတွေကို စာဖတ်ပြလေ့ရှိပြီးထို မိဘတွေဟာလည်း ၆ လမှာ တစ်ကြိမ်ခန့်သာ ဖတ်ပြကြတယ်လို့လည်း သိရပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ မိဘ အရေအတွက် ရဲ့ ထက်ဝက်ခန့်သာ မိမိရဲ့ ကလေးငယ်တွေကို ပုံပြင်ဖတ်ပြကြတယ်လို့လည်း သိရပါတယ်။

Ref:
Dailymail

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18