Print

ဆံပင်ကို လှပစေပြီး ကြီးထွားမြန်စေမယ့် ဆေးနည်း

  05-Dec-2018
Preview Image

အိန္ဒိယအမျိုးသမီးတွေဆိုတာ ကမ္ဘာမှာ အလှဆုံး အမျိုးသမီးများစာရင်းဝင်သူတွေဖြစ်ကြပါတယ်။ သူတို့ဟာ ထူးခြားကောင်းမွန်တဲ့ ဆံကေသာတွေ ပိုင်ဆိုင်ထားကြပါတယ်။ဒါမျိုးရိုးဗီဇပဲလား သို့မဟုတ် ကျွနု်ပ်တို့မသိတဲ့ လျို့ဝှက်ချက် တစ်ခုခု များရှိနေလား။ အဲဒါကသူတို့ရဲ့ လျို့ဝှက်ဖော်မျူလာကြောင့်ပဲ ဖြစ်ပါတယ်။ အိန္ဒိယအမျိုးသမီးအားလုံးတို့က ဒါကို ရာစုနှစ်များစွာ သုံးစွဲလာခဲ့ကြတယ်။ ဆံကေသာအလှကို ရင်သပ်ရှုမောဖွယ်ဖြစ်စေတဲ့ ထူူးခြားအပင် တစ်မျိုးဖြစ်ပါတယ်။ Bacopa monnieri လို့ခေါ်ပြီး Brahmi လို့လည်း လူသိများပါတယ်။ အသုံးပြုရ ပိုမိုလွယ်ကူစေရန်အတွက် အထူးသီးသန့်ဆီ တစ်မျိုးအဖြစ်ပြင်ဆင်ပြုလုပ်ပြီး ဆံပင်ကြီးထွားမြန်စေဖို့ ခေါင်းမှာ လိမ်းပေးရပါတယ်။

အလွယ်ဆုံးနည်းလမ်းက သဘာဝအုန်းဆီနဲ့ ရောပြီး ခေါင်းမလျှော်ခင်ဆံပင်လိမ်းပေးရပါမယ်။ယင်း Brahmi oil ဟာ ဆံပင်ပုံစံကို ရက်သတ္တပတ် အနည်းငယ်အတွင်း ပိုမိုကောင်းမွန်လာစေမှာဖြစ်တယ်။ ဒီနည်းကို အသုံးပြုပါက ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ -

• ဆံပင်အရင်းကို အာဟာရဖြစ်စေတာကြောင့် ဆံပင်ကျွတ်ခြင်းနည်းကာ ဆံပင်ကို ကြီးထွားနှုန်းမြန်ဆန်စေပါတယ်။

• Brahmi oil က ဗောက်တွေ ကင်းရှင်းစေပြီး ဦးရေပြားကို စိုပြေစေပါတယ်။

• ဒီအဆီနဲ့ ပတ်သက်ပြီး အံ့သြစရာ အကောင်းဆုံးအချက်က ဒါကို ဘယ်ဆေးဆိုင်တိုင်းမှာမဆို ရရှိနိုင်ခြင်းပဲဖြစ်ပါတယ်။

Ref:
Myawady Health

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18