Print

သန္ဓေတားနည်း နဲ့ကူးစက်ရောဂါဆိုင်ရာ သိကောင်းစရာ

  02-Dec-2018
Preview Image

ကိုယ်ဝန်တားခြင်းနဲ့ လိင်ကူးစက်ရောဂါနဲ့ ပတ်သက်လာရင် ၁၀၀% ထိရောက်မှုရှိတဲ့ အချက် တစ်ခုသာ ရှိပါတယ်။ အဲဒါ အပျော်အပါး လိုက်စားမှု ရှောင်ခြင်းပါပဲ။ လိင်ကိစ္စ စိတ်အားထက်သန်သူ တစ်ကိုယ်ရေတစ်ကာယသမားတွေအတွက် အကောင်းဆုံးသန္ဓေတားနည်းက ဘာဖြစ်မလဲ။ ကိုယ်ဝန်ကို နည်းလမ်းမျိုးစုံနဲ့ တားနိုင်ပေမယ့် လိင်ပျော်ဖက်များရင် ကွန်ဒုံးသုံးတာက ကူးစက်ရောဂါတွေ ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ကွန်ဒုံးက အမြဲပင် လူသိများ ထင်ရှားပါတယ်။ ရာဘာစေးနဲ့လုပ်ထားပြီး အမျိုးသားနဲ့ အမျိုးသမီးသုံး ပုံသဏ္ဍာန်များနဲ့ ရနိုင်တဲ့ ကွန်ဒုံးတွေဟာနှစ်ဦးနှစ်ယောက်ကြား ခန္ဓာကိုယ် အရည်ဖလှယ်မှုကို တားဆီးပေးတယ်။ အမြောင်းအမြောင်းဖော်ထားတာတွေကစ အလွန်အမင်းပါးလွှာတာ၊ အနံ့အရသာသင်းပြီးဖျော့တော့တော့အရောင်မျိုးအထိပါ အမျိုးအစားစုံလင်စွာရှိပြီးစိတ်ကြိုက်အရွယ်အစားကို ရွေးချယ်နိုင်တယ်။

Credit : Trend Myanmar

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18