Print

ခံတွင်းကျန်းမာရေး

  25-Feb-2017
Preview Image

 

(၁) ခံတွင်းမှ ဘက်တီးရီးယားနှင့် နှလုံးကျန်းမာရေး

လေ့လာမှုတချို့အရ သွားဖုံးရောဂါရှိသူတွေက သွားဖုံးကျန်းမာရေးကောင်းမွန် သူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။ ဘာကြောင့် ဒီလိုဖြစ် ရတယ်ဆိုတာကိုတော့ သုတေသီတွေက အခုထိမဖော်ထုတ်နိုင်သေးဘူးလို့ ဆိုပါတယ်။

 

(၂) သွားဖုံးရောဂါနှင့် ဆီးချိုရောဂါ

ဆီးချိုရောဂါရှိသူတွေရဲ့ ခန္ဓာကိုယ်က ရောဂါပိုးကို တွန်းလှန်နိုင်အား လျော့နည်း သွားပါတယ်။ သွေးထဲမှာ သကြားဓာတ်များတာကြောင့် သွားဖုံးရောဂါဖြစ်နိုင်ခြေ မြင့်မား လာပါတယ်။ သွားဖုံးရောဂါရှိတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ကျန်းမာရေးနှင့်ညီညွတ်မှုရှိအောင် ထိန်းချုပ်ပြီး သွားဖုံးရောဂါမဖြစ်အောင် ကာကွယ်ပါ။ အစာစားပြီးတိုင်း သွားတိုက်ပါ။ နေ့စဉ် ခံတွင်းသန့်စင်ဆေးရည် အသုံးပြုပါ။ တစ်နာကို နှစ်ကြိမ်သွားဆရာဝန်နှင့် စစ်ဆေး မှုပြုလုပ်ပါ။

 

(၃) သွားကျွတ်ခြင်းနှင့် ကျောက်ကပ်ရောဂါ

သွားမရှိတော့တဲ့လူကြီးတွေမှာသွားရှိနေသူတွေထက်နာတာရှည် ကျောက်ကပ်ရောဂါ ခံစားရနိုင်ခြေပိုများပါတယ်။ ကျောက်ကပ်ရောဂါနှင့် သွားဖုံးရောဂါဆက်စပ်မှု ကို သေချာမသိသေးပေမယ့် ရောင်ရမ်းမှုဖြစ်စဉ်ကြောင့်လို့ သုတေသီတွေက ထင်မှတ် ကြပါတယ်။ သွားနဲ့သွားဖုံးကျန်းမာရေးကို ဂရုစိုက်လိုက်ရုံနှင့် နာတာရှည် ကျောက် ကပ်ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မိုးမိုး
Arpgyam magazine, January 2016, No.282, Pg.105



Related Articles


Advertisment 18