Print

ကိုရီးယားရုပ်ရှင်ကြည့်ခြင်းက သေဆုံးနိုင်မှုအန္တရာယ် မြင့်တက်စေ

  12-Nov-2018
Preview Image

သာမန် ၂နာရီ ဇာတ်လမ်းတွဲကြည့်ရင်တောင် တီဗွီကြည့်ချိန်က များတတ်ပါတယ်။ ကိုရီးယားကားလိုမျိုး ဇာတ်မျောကြီးတွေ ကြည့်ရင်တော့ မိုးလင်းပေါက် ကြည့်ဖြစ်ပါလိမ့်မယ်။ တစ်ခါတလေဆို နှစ်ရက် သုံးရက် ဆက်ကြည့်တာမျိုးတွေကိုတောင် ကိုရီးယားကား ပရိသတ်တွေ ကြုံဖူးကြမှာပါ။ တီဗွီသိပ်မကြည့် ကြပါနဲ့လို့ အကြံပေးရင် ဘာလို့လဲဆိုတာကိုတော့ သိချင်ကြမှာပါပဲ။ တီဗွီကြည့်ရင် သေဆုံးနိုင်တဲ့ အကြောင်းရင်း ၈ ချက်ကတော့ ကင်ဆာ၊ နှလုံးရောဂါ၊ အသက်ရှူကြပ် အဆုတ်ရောဂါ၊ ဆီးချိုရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ပါကင်ဆန်ရောဂါ၊ အသည်းရောဂါနဲ့ သေကြောင်းကြံစည်မှု တို့ပဲ ဖြစ်ပါတယ်။


တီဗွီကြည့်ခြင်းနဲ့ သေဆုံးနိုင်မှု အန္တရာယ်တွေကြားမှာ ဆက်စပ်မှုရှိတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက သတိပေး ပြောကြားလျက်ရှိပါတယ်။ နာတာရှည်ရောဂါမရှိသူ အသက် ၅၀က ၇၁နှစ်အကြား လူပေါင်း ၂၂၁၀၀၀ ကို နိုင်ငံတော်ကင်ဆာတက္ကသိုလ်မှ သုတေသီတွေက လေ့လာမှုတွေ ပြုခဲ့ပါတယ်။ ၁၆နှစ် ကြာတဲ့အခါမှာ တီဗွီတစ်နေ့ ၇နာရီနဲ့အထက် ကြည့်သူတွေဟာ အထက်ပါအကြောင်းရင်း တစ်မျိုးမျိုးနဲ့သေဆုံးနှုန်းဟာ တစ်နေ့ ၂နာရီအောက် ကြည့်သူတွေနဲ့ယှဉ်ရင် ၄၇ရာခိုင်နှုန်း ပိုများနေတာကို တွေ့ရှိခဲ့ကြရပါတယ်။ တီဗွီတစ်နေ့ကို ၄နာရီခန့် ကြည့်သူတွေဟာ ကင်ဆာရောဂါနဲ့ သေဆုံးနိုင်နှုန်း ၁၅ရာခိုင်နှုန်း ပိုများပါတယ်။ အဲ့ဒီ့လူတွေက ဆေးလိပ်သာက်လား၊ အရက်သောက်လား၊ ကယ်လိုရီအရမ်းစားသုံးလား ဆိုတဲ့အချက်တွေကို သိပ္ပံပညာရှင်တွေက ထည့်စဉ်းစားခဲ့ပေမဲ့လည်း တီဗွီနဲ့ကျန်းမာရေး ဆက်စပ်မှုကိုတွေ့ရှိချက်က မှန်နေတုန်းပါပဲ။ “အထိုင်အရမ်းများလွန်းတာဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတယ်။” လို့ ဦးဆောင်သုတေသီက သတိပေးပြောကြားခဲ့ပါတယ်။တီဗွီနဲ့ ကျန်းမာရေးအကြား ဆက်စပ်မှုကို လေ့လာတာဟာ ဒါပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် နောက်ထပ်အသေးစိတ် လေ့လာမှုတွေ အများကြီးဖို့ လိုအပ်သေးကြောင်း သိရပါတယ်။


Ref:
Skyler 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18