Print

အစားအစာနှင့်ကျန်းမာရေး

  30-Oct-2018
Preview Image


ချောကလက်
ချောကလက်ထဲမှာ ဖီနိုင်းအီသိုင်လမင်းက စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်နဲ့ အန်ဒေါ်ဖင်ဟော်မုန်းတွေကို ဦးနှောက်ကထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။

ဖရဲသီး

ဖရဲသီးထဲမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်ပြီး ၈ ရာခိုင်နှုန်းက လိင်စိတ်စွမ်းအား ကောင်းမွန်စေတဲ့ အဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဖရဲသီးမှာ ဗိုင်ယာဂရာဆေးလို အာနိသင်လို့မျိုးရှိလို့ လိင်အင်္ဂါတွေဆီကို သွေးစီးဆင်းမှုကောင်းမွန်စေပါတယ်။

ဥအမျိုးမျိုး
ကြက်ဥမှာ သက်လုံကောင်းအောင် ကူညီပေးနိုင်တဲ့ ပရိုတင်းပါဝင်မှုကောင်းပြီး ကယ်လိုရီအနည်းငယ်သာ ပါဝင်ပါတယ်။ အမိုင်နိုအက်စစ်ဖြစ်တဲ့ အယ်လ်-အာဂျီနင်းနှလုံးရောဂါနဲ့ ပန်းသေပန်းညှိုးရောဂါတွေကို ကုသနိုင်ပါတယ်။

ဂျင်ဆင်း
ဟာဝိုင်အီတက္ကသိုလ်မှ လေ့လာမှုအရ ဂျင်ဆင်းကို ဖြည့်စွက်သောက်သုံးပါက လိင်စိတ်စွမ်းအား ၆၈ ရာခိုင်နှုန်း ပိုမိုမြင့်မားစေတာကိုတွေ့ရပါတယ်။ဂျင်းဆင်းလက်ဖက်ရည် ဒါမှမဟုတ် စွပ်ပြုတ်ထဲ ထည့်သောက်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

ဆလတ်ရွက်
ဆလတ်ရွက်ကို ဆီအနည်းငယ်နဲ့ ရှာလကာရည်တို့နဲ့ ရောပြီးအသုပ်လုပ်စားပါကဟော်မုန်းတွေ ထွက်ရှိမှုကို အားပေးလို့ ခါးသေးစေတဲ့အပြင် လိင်စိတ်စွမ်းအားကိုလည်းမြင့်မားစေပါတယ်။

ချင်း(ဂျင်း)

ချင်းဂျင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ကိုယ်ခန္ဓာအပူချိန်ကို ထိန်းညှိပေးပါတယ်။ ချင်း(ဂျင်း) လက်ဖက်ရည်သောက်သုံးပါက ခန္ဓာကိုယ်အတွင်း
အဆိပ်အတောက်ကင်းစေပြီး စွမ်းဆောင်ရည်အားကောင်းစေပါတယ်။

Ref:
အလင်း(ဆေးဝါး)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18